Social Icons

Pages

Tuesday, April 2, 2019

ကျောင်းသား၊ ကျောင်းသူများအတွက် နွေရာသီ သင်တန်းများ ဖွင့်လှစ်

ကျောင်းသား၊ ကျောင်းသူများအတွက် နွေရာသီ သင်တန်းများ ဖွင့်လှစ်
-
နေပြည်တော် ဧပြီ ၁ 
-
မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်အတွင်းရှိ တပ်မတော်သားမိသားစုဝင် ကျောင်းသား၊ ကျောင်းသူများအတွက် ဖွင့်လှစ်သည့် နွေရာသီအခြေခံသင်တန်းများဖြစ်သော ယဉ်ကျေးလိမ္မာ သင်တန်း၊ ကွန်ပျူတာ အခြေခံသင်တန်း၊ အင်္ဂလိပ်စကားပြောသင်တန်း၊ ဘောလုံးသင်တန်း၊ ဘော်လီဘောသင်တန်း၊ မြန်မာ့သိုင်း သင်တန်းနှင့် ဂျူဒိုသင်တန်း အမှတ်စဉ် (၁/၂ဝ၁၉)ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ဗလမင်းထင်ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်တေဇကျော်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊သင်တန်းသူများ တက်ရောက်ကြသည်။ 
-
ဦးစွာ တိုင်းမှူးက  နွေရာသီအခြေခံ သင်တန်းများ ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားပြီး အားကစားဝတ်စုံများနှင့် အားကစားပစ္စည်းများ ပေးအပ်ရာ သင်တန်းသား၊သင်တန်းသူများက လက်ခံရယူကြသည်။ထို့နောက် ကချင်ပြည်နယ်၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက အားကစားပစ္စည်းများပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။
-
အဆိုပါနွေရာသီ အခြေခံ သင်တန်းများတွင်ယဉ်ကျေးလိမ္မာ သင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၅၆ ဦး၊ ကွန်ပျူတာအခြေခံ သင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၄၇ ဦး၊ အင်္ဂလိပ်စကားပြော သင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၄ဝ ဦး၊ ဘောလုံး သင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၄၇ ဦး၊ ဘော်လီဘောသင်တန်းကို သင်တန်းသား၊ သင်တန်းသူ ခုနစ်ဦး၊ မြန်မာ့သိုင်း သင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၃၂ ဦးနှင့် ဂျူဒိုသင်တန်းကိုသင်တန်းသား၊ သင်တန်းသူ ၂၇ ဦးတို့ဖြင့် ဧပြီ ၂၆ ရက်အထိ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။                    
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...