
-
နေပြည်တော် မတ် ၎
-
တြိဂံဒေသ တိုင်းစစ်ဌာနချုပ်၏ (၂၃)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ် စစ်ရေးပြနှင့် ဂုဏ်ပြုဆုပေးပွဲကို မတ် ၃ ရက် နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၌ ပြုလုပ်သည်။
-
ဦးစွာ တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်က အမှာစကားပြောကြားပြီး စစ်ရေးပြ အစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ် သရုပ်ပြပြိုင်ပွဲများယှဉ်ပြိုင်မှုများကို ကြည့်ရှု အားပေးကြသည်။
-

-

-
ယင်းနောက်ဆုပေးပွဲကို ပြည်ငြိမ်းအေးခန်းမ၌ ပြုလုပ်ရာ စစ်မှုထမ်းကောင်းနှင့် သင်္ဂဟဘွဲ့တံဆိပ် ရရှိသူများ၊ သင်တန်းများနှင့် တပ်မတော် (ကြည်း၊ ရေ၊ လေ)အားကစားပြိုင်ပွဲများတွင်ထူးချွန်ဆုရရှိသူများ၊ အိမ်ထောင်သည်လိုင်း သန့်ရှင်းရေး၊စိုက်ပျိုးရေးနှင့် မွေးမြူရေးဆုရရှိသူများ၊ အားကစားထူးချွန်ဆု ရရှိသူများအား တိုင်းမှူးနှင့် အဖွဲ့ဝင်များကဆုများအသီးသီး ပေးအပ်ခဲ့ကြကြောင်းသတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment