
-
နေပြည်တော် ဖေဖော်ဝါရီ ၂၆
-
မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို)မှ ဆေးရုံသုံးပစ္စည်းများ၊ ရုံးသုံးပစ္စည်းများ၊ အာဟာရတိုက်ကျွေးခြင်းနှင့် ဆေးပဒေသာပင် ငွေပေးအပ် လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်း တွင် ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော် ဆေးရုံ ခုတင်(၅ဝဝ)၌ ပြုလုပ်ရာ ဗိုလ်မှူးချုပ် စိန်လင်းနှင့် တာဝန်ရှိသူများ၊ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို)ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင် (အငြိမ်းစားသံအမတ်ကြီး)နှင့် အလုပ်အမှုဆောင်များ၊ အသင်းသူ အသင်းသားများတက်ရောက်ကြသည်။
-
ဦးစွာ ဦးစိန်ဝင်းအောင်က ဆေးရုံသုံးပစ္စည်းများ၊ ရုံးသုံးပစ္စည်းများ၊ အာဟာရတိုက် ကျွေးခြင်းနှင့် ဆေးပဒေသာပင် ငွေပေးအပ်လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြော ကြားပြီး အလှူရှင်များက ဆေးရုံသုံးပစ္စည်းများနှင့် ဆေးငွေပဒေသာပင်များကို ပေးအပ်လှူဒါန်းရာ ဗိုလ်မှူးချုပ်စိန်လင်းကလက်ခံရယူပြီး အလှူရှင်များအား ဂုဏ်ပြုလွှာများ ပေးအပ်ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
-
အဆိုပါ တပ်မတော်ဆေးရုံ ခုတင်(၅ဝဝ)သို့ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို)မှ ECG 3 Channel စက်တစ်လုံး၊ Laser printer တစ်လုံး၊ Bedside Locker ခြောက် လုံး၊ Drift Stand ၁ဝ ခု၊ Exhaust fan တစ်လုံးနှင့် ဆေးပဒေသာပင် အတွက် ငွေကျပ်ကိုးသိန်းတို့ကို လှူဒါန်းခဲ့ကြောင်းသတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment