Social Icons

Pages

Monday, February 18, 2019

တာချီလိတ်မြို့နယ်အတွင်း မူးယစ်ဆေးဝါး သယ်ဆောင်လာသူများအား ဖမ်းဆီးရမိ

တာချီလိတ်မြို့နယ်အတွင်း မူးယစ်ဆေးဝါး သယ်ဆောင်လာသူများအား ဖမ်းဆီးရမိ
-
နေပြည်တော်   ဖေဖော်ဝါရီ  ၁၇ 
-
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၁၆ ရက် ည ၇ နာရီခန့်တွင် တာချီလိတ်မြို့၊ ဆန်ဆိုင်း (ခ)ရပ်ကွက်ရှိ ဗိုလ်ချုပ်လမ်း၌ ရှာင်တခင် စစ်ဆေးခြင်းများ ဆောင်ရွက်စဉ် လော်ဘေ(ဘ) ဦးလောညီး မောင်းနှင်၍ လော်ဘာ(ဘ) ဦးလော်ရိုး လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ လော်ဘေ၏ကျောပိုးအိတ်အတွင်းမှ WYစာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား ၄ဝဝဝဝပြား (ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၄ဝဝ)နှင့်အတူ  ဖမ်းဆီးရမိခဲ့သည်။ 
-
-
အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအားတာချီလိတ်မြို့မရဲစခန်း၌ တရားဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
-
(၁၀၀)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...