Social Icons

Pages

Monday, February 18, 2019

သမဝါယမ အသင်းများအား ဆုပေးအပ်ခြင်းနှင့် စာအုပ် ဈေးရောင်းပွဲတော် ကျင်းပ

သမဝါယမ အသင်းများအား ဆုပေးအပ်ခြင်းနှင့် စာအုပ် ဈေးရောင်းပွဲတော် ကျင်းပ
-
ညောင်တုန်း ဖေဖော်ဝါရီ ၁၇ 
-
ဧရာဝတီတိုင်း ဒေသကြီး ညောင်တုန်းမြို့နယ်အတွင်း Exim Bank ချေးငွေ သတ်မှတ်ရက်ထက် စော၍ ပြေကျေသော သမဝါယမအသင်းများအား ဂုဏ်ပြုဆုပေးအပ်ခြင်းနှင့်အခြေခံပညာကျောင်းများသို့ သမဝါယမ စာကြည့်စင်များ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့တော်ခန်းမ၌ ကျင်းပသည်။ 
-
အခမ်းအနားတွင် တိုင်းဒေသကြီး သမဝါယမ အသင်းစုချုပ် အတွင်းရေးမှူး ဦးထွန်းဟံနှင့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယအုပ်ချုပ်ရေးမှူးဦးမင်းသူရိန်တို့ကအဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် သမဝါယမ ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မာအေးက သမဝါယမ အသင်းများအား ဂုဏ်ပြုဆုပေးအပ်ခြင်းနှင့် အခြေခံပညာ ကျောင်းများအတွက် သမဝါယမ စာကြည့်စင်များ ပေးအပ်လှူဒါန်းရခြင်းရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားသည်။ 
-
ထို့နောက် မြို့နယ်သမဝါယမ အသင်းစု ဥက္ကဋ္ဌ ဦးသန်းထွန်းအေးက မြို့နယ် သမဝါယမ အသင်းစု အခြေခံ အသင်းသားများသို့ ဆောင်ရွက်ပေးနေသည့် လုပ်ငန်းများ အကြောင်းကို ရှင်းလင်းတင်ပြပြီးတိုင်းဒေသကြီး သမဝါယမ အသင်းစု အတွင်းရေးမှူး ဦးထွန်းဟံ၊ မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးမင်းသူရိန်၊ သမဝါယမ ဦးစီးအရာရှိ ဒေါ်ခင်မာအေးနှင့် တာဝန်ရှိသူများကEximBankချေးငွေ အစောဆုံး ပြေကျေသော သမဝါယမအသင်း ၁၆ သင်းအား ဂုဏ်ပြုဆုနှင့် အခြေခံပညာ မူလတန်းကျောင်း ၉၆ ကျောင်းသို့ စာကြည့်စင်များ ပေးအပ်လှူဒါန်းကြသည်။ 
-
ဆက်လက်၍ ညောင်တုန်းမြို့နယ် သမဝါယမ ဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့် တင်ရေး ပြိုင်ပွဲများနှင့် စာအုပ်ဈေးရောင်း ပွဲတော်ကိုလည်း မြို့တော်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ စာအုပ်ဈေးရောင်းပွဲတော်ကို ရန်ကုန်မြို့ စာအုပ်တိုက်များမှ ကျောင်းသား၊ ကျောင်းသူ များအတွက် ဗဟုသုတအကျိုးကျေးဇူးများရရှိစေနိုင်သော စာအုပ်များကို ခင်းကျင်း ရောင်းချပေးခဲ့ရာ စည်ကား လျက်ရှိကြောင်း သိရသည်။ 
-
ဝဠာနိုင်(ညောင်တုန်း)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...