Social Icons

Pages

Monday, February 18, 2019

ရွှေမုဋ္ဌော ရွှေပေါင်းလောင်းဘုရားနှင့် ရေပြာ-ယောချောင်းသာ အပန်းဖြေစခန်း ခရီးစဉ် မိတ်ဆက်

ရွှေမုဋ္ဌော ရွှေပေါင်းလောင်းဘုရားနှင့် ရေပြာ-ယောချောင်းသာ အပန်းဖြေစခန်း ခရီးစဉ် မိတ်ဆက်
-
ပခုက္ကူ ဖေဖော်ဝါရီ ၁၇ 
-
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်ပခုက္ကူမြို့မှ အနောက်ဘက် ၃၂ မိုင် ၄ ဖာလုံ အကွာ ပုသိမ်-မုံရွာကားလမ်းမပေါ် ပေါက်ပခုက္ကူ ကားလမ်းနှင့်ဆုံရာ လမ်းဆုံအနီး ကမ်းစပ်၌ တည်ရှိသော ရွှေမုဋ္ဌောရွှေပေါင်းလောင်းဘုရားနှင့် ရေပြာ-ယောချောင်းသာ အပန်းဖြေ စခန်းခရီးစဉ် မိတ်ဆက်ပွဲကို ယနေ့တွင် ရွှေမုဋ္ဌော ရွှေပေါင်းလောင်းဘုရား၌ ကျင်းပသည်။ 
-
''ဒီခရီးစဉ်လေးကို အများပြည်သူတွေ အရင်ကထက် စည်စည်ကားကား လာရောက် စေလိုတဲ့ ရည်ရွယ်ချက်နဲ့ စီစဉ်ရခြင်း ဖြစ်ပါတယ်''ဟု ရွှေမုဋ္ဌော ရွှေပေါင်းလောင်းဘုရား ဂေါပကဥက္ကဋ္ဌ ဦးတင်အေးက ပြောသည်။ ရွှေမုဋ္ဌော ရွှေပေါင်းလောင်းဘုရားသို့ ပခုက္ကူခရိုင်မှ ခရီးသွားများသာမက ပုဂံညောင်ဦး မြို့နယ်မှ ခရီးသွားများလည်း လာရောက်ကြကြောင်း၊ သို့သော် ဘုရားပွဲကာလ များ၌သာ လာရောက်မှုများသဖြင့် ယခင်ထက် ပိုမိုလာရောက် လည်ပတ်မှုများပြားလာစေရန် အဆိုပါ အပန်းဖြေစခန်းကို ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း သိရသည်။ 
-
ထို့ပြင် ရွှေစက်တော်-အလောင်းတော်ကဿပဘုရားဖူး ရာသီ၌ ခရီးသွားယာဉ်များ အရှိန်အဟုန်မြှင့် လာရောက်နိုင်စေရန်နှင့် အချိန်ကာလမရွေး လာရောက်ဖူးမြော် နိုင်စေရန်လည်း စီမံဆောင်ရွက် ပေးမည်ဖြစ်သည်။ 
-
အဆိုပါ ခရီးစဉ်သို့ သွားရောက်လိုပါက ရွှေစက်တော်မှ ပုသိမ်-မုံရွာလမ်းအတိုင်းဆိုလျှင် မိုင် ၁ဝဝ ဝန်းကျင်ရှိပြီး မော်တော်ယာဉ် မောင်းနှင်ချိန် လေးနာရီရှိကြောင်း၊ ထိုကဲ့သို့ ရွှေမုဋ္ဌော ရွှေပေါင်းလောင်းဘုရားသို့ လာရောက်ပြီး ယင်းမှတစ်ဆင့် အလောင်းတော်ကဿပ ဆီသို့ ပုသိမ်-မုံရွာလမ်းအတိုင်း ဆက်သွားလျှင်လည်း ပို၍နီးကြောင်း သိရသည်။ ယင်းခရီးစဉ်သို့လာရောက်မည့် ဘုရားဖူးများအနေဖြင့် ဘုရားဂေါပကအဖွဲ့နှင့် ကျောင်းထိုင် ဆရာတော်ထံ ဆက်သွယ် တည်းခိုနိုင်ကြောင်း သိရသည်။ 
-
kaykay
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...