
-
နေပြည်တော် ဖေဖော်ဝါရီ ၂၁
-
ကချင်ပြည်နယ်၊ မိုးမောက်မြို့၊ ကျောက်စခန်း ပူးပေါင်း စစ်ဆေးရေးဂိတ်၌ လုံခြုံရေး ဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့က ယာဉ်ဝင်/ထွက်မှုများအားစစ်ဆေး ဆောင်ရွက်စဉ် ဖေဖော်ဝါရီ ၂ဝ ရက် ည ၆ နာရီခန့်တွင် လွယ်ဂျယ်မြို့ဘက်မှ မိုးမောက်မြို့ဘက်သို့ အင်ယော်နော်ရိန် (ဘ)ဦးအင်ယော်ဂမ်မောင်းနှင်လာသည့် HONDA CIVIC အမျိုးအစား မော်တော်ယာဉ်အမှတ်၊ MDY 5K/----အား ရပ်တန့်စစ်ဆေးရာယာဉ်၏ နောက်ဖုံးအတွင်း အံဝှက်ပြုလုပ်၍သယ်ဆောင်လာသော ဘိန်းဖြူဆပ်ပြာခွက် ၈၃ ခွက်(၉၁၃ဂရမ်)၊ (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၉၁၃ သိန်းခန့်)နှင့် အတူ ဖမ်းဆီးရမိခဲ့သည်။
-
အဆိုပါဖမ်းဆီးရမိသူ၊ မော်တော်ယာဉ်နှင့်မူးယစ်ဆေးဝါးများအား မိုးမောက်မြို့နယ်ရဲစခန်းသို့စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်းသတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment