-
မြိတ် ဇန်နဝါရီ ၁၃
-
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် သဘွတ်ကျေးရွာအုပ်စု သဘွတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတိုက် ဓမ္မာရုံ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ် သမဝါယမ ဦးစီးဌာနက မဏိမေခလာ လယ်ယာနှင့် အထွေထွေလုပ်ငန်း သမဝါယမ အသင်းဝင်များသို့ အသေးစားအရင်းအနှီး China Exim Bank ချေးငွေများ ကျေးရွာအရောက် ထုတ်ချေးပေးခြင်း အခမ်းအနား ကျင်းပသည်။
-
ရှေးဦးစွာ မြိတ်မြို့နယ် သမဝါယမ ဦးစီးဌာန ဦးစီးအရာရှိက အမှာစကား ပြောကြားပြီး China Exim Bank အသေးစားအရင်းအနှီး ချေးငွေများနှင့် ပတ်သက်၍ သမဝါယမအသင်းစု၊ အသင်းဝင်၊ အသင်းသားများ၏ လယ်ယာနှင့် အထွေထွေလုပ်ငန်း ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်း ပြောကြားသည်။
-
ဆက်လက်၍ မြိတ်မြို့နယ် သမဝါယမ ဦးစီးဌာန ဦးစီးအရာရှိက သဘွတ်ကျေးရွာအုပ်စုရှိ သမဝါယမ အသင်းဝင်များအနေဖြင့် လယ်ယာလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် လုပ်ငန်းများ ဆောင်ရွက်ရာတွင်အခက်အခဲများ ရှိပါက တင်ပြလျှောက်ထားနိုင်ပြီး လိုအပ်သော အကြံဉာဏ်များနှင့် ကူညီပံ့ပိုးမှုများကိုပါ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြောကြားသည်။
-
ထို့နောက် တာဝန်ရှိသူများက သဘွတ်ကျေးရွာအုပ်စု အတွင်းရှိ မဏိမေခလာလယ်ယာနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်း၏ အသင်းဝင် အသင်းသူ၊ အသင်းသားများအား China Exim Bank အသေးစား အရင်းအနှီး ချေးငွေများကို တစ်ဦးချင်းစီ ထုတ်ချေး ပေးကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment