Social Icons

Pages

Monday, January 14, 2019

အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းကြောင့် တောင်သူများ အခက်တွေ့

-
ဟိုင်းကြီးကျွန်း  ဇန်နဝါရီ  ၁၃ 
-
ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့၌ အချိန်အခါမဟုတ် မိုးရွာသွန်းမှုများကြောင့် ဆောင်းသီးနှံပဲစိုက် တောင်သူများ အနေဖြင့် အခက်ကြုံတွေ့နေရကြောင်း သိရသည်။ 
-
ဟိုင်းကြီးကျွန်းမြို့အတွင်း ယခုရက်ပိုင်း အချိန်အခါမဟုတ်မိုးရွာသွန်းသဖြင့် မိုးစပါးစိုက်တောင်သူများ ဆုံးရှုံးမှု အနည်းငယ်ရှိခဲ့သော်လည်း ဆောင်းမြေပဲစိုက်ပျိုးရန် ထွန်ယက်ထားသော လယ်မြေများ၌ ရေတင်ကျန်နေပြီး ယခု အချိန်အထိ ခြောက်သွေ့ခြင်း မရှိသေးသောကြောင့် စိုက်ပျိုးချိန် ကျော်လွန်နေပြီဖြစ်ကြောင်းနှင့် မိုးမရွာမီ စိုက်ပျိုးခဲ့သော တောင်သူအချို့၏ မြေပဲစိုက်ခင်းများပျက်စီးမှုဖြစ်ပေါ်ခဲ့သည့်အတွက် ဆုံးရှုံးမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။ 
-
''ကျွန်တော်တို့ တောင်သူတွေအနေနဲ့ မိုးစပါးရိတ်သိမ်းတဲ့အခါမှာလည်း မိုးရွာနေတဲ့အတွက် အလေအလွင့်များပြီး ဆုံးရှုံးမှုတွေရှိပါတယ်။ မိုးစပါးပြီးလို့ ဆောင်းမြေပဲ စိုက်ရမယ့်အချိန်မှာ မိုးရွာတော့ထွန်ယက်ထားတဲ့ လယ်မြေတွေမှာ ရေဝပ်ပြီး စိုက်ပျိုးလို့မရဘူးဖြစ်နေတယ်။ ရေခန်းမယ့်အချိန်ကို စောင့်ပြီး စိုက်ပျိုးပြန်တော့လည်း မိုးဦးမိုးမလွတ်မှာ စိုးရိမ်ရတယ်။မြေပဲစိုက်ပျိုးမှု အတွက် တစ်ဧကပြင်ဆင်စရိတ်  ငွေကျပ် ၄ဝဝဝဝ ဝန်းကျင်လောက် ရှိတော့ ဆုံးရှုံးမှုများပါတယ်''ဟု  ကညင်ချောင်းကျေးရွာမှ  တောင်သူတစ်ဦးကပြောသည်။ 
-
အလားတူ  ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်အတွင်းရှိ   ဖရဲစိုက်တောင်သူများ အနေဖြင့်  အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ဖရဲစိုက်ခင်းများ ပျက်စီးဆုံးရှုံးမှုနှင့် ကြုံတွေ့နေရသဖြင့် မိုးထပ်မံ ရွာသွန်းမည်ကို  စိုးရိမ်နေကြကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...