Social Icons

Pages

Monday, January 21, 2019

မိုင်းဆတ်မြို့၌ ဆဋ္ဌမအကြိမ် အမေများနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

မိုင်းဆတ်မြို့၌ ဆဋ္ဌမအကြိမ် အမေများနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ
-
မိုင်းဆတ် ဇန်နဝါရီ  ၂ဝ
-
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့ အဖြူရောင် လူငယ်အဖွဲ့နှင့် အလှူရှင်များ စုပေါင်း၍ ဆဋ္ဌမအကြိမ်  အမေများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင်မယ်ဆွမ်တောင်ရပ်ကွက်  မြို့ဦးကျောင်းတိုက် ဓမ္မာရုံ၌   ကျင်းပကြောင်း   သိရသည်။
-
ရှေးဦးစွာအဖြူရောင်လူငယ်အဖွဲ့မှ ကိုဇင်မင်းသူက အမေကြီးများအား ပူဇော်ကန်တော့ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားပြီး အသက် ၇ဝ နှစ်နှင့်အထက် ကန်တော့ခံအမေကြီးများအား အခမ်းအနား တက်ရောက် လာကြသူများက သြကာသ ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ကြသည်။
-
ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေး၊ အဖြူရောင် လူငယ်အဖွဲ့ဝင်များနှင့် အလှူရှင်တို့က တစ်ဦးလျှင် ငွေကျပ် ၂၁ဝဝဝ နှုန်းဖြင့် ဆေးဝါး၊ စောင်၊ ကွေကာအုပ်၊ ခေါက်ဆွဲထုပ် ၊ကြက်ဥနှင့်ငွေသားတို့ကို   ပေးအပ်လှူဒါန်းသည်။
-
ဆက်လက်၍ အဖြူရောင်လူငယ်အဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းခမ်းလွမ်းက အလှူရှင်များအား  ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
-
အဆိုပါ အခမ်းအနားသို့ ကန်တော့ခံအမေကြီး၂၈ဝ ဦး တက်ရောက်ကြပြီး အခမ်းအနား မတက်ရောက်နိုင်သည့် အမေကြီး ၄၂ ဦးအား အဖြူရောင် လူငယ်အဖွဲ့ဝင်များက  အိမ်တိုင်ရာရောက်သွားရောက် ကန်တော့ကြကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...