Social Icons

Pages

Tuesday, January 22, 2019

တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲ ပိုက်ကျော်ခြင်း၊ ဝူရှူးနှင့် ဂျူဒိုပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲများ ပြုလုပ်

တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲ ပိုက်ကျော်ခြင်း၊ ဝူရှူးနှင့် ဂျူဒိုပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲများ ပြုလုပ်
-
နေပြည်တော် ဇန်နဝါရီ ၂၁ 
-
၂ဝ၁၉ ခုနှစ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဝူရှူးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲတို့ကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ဝင်းအတွင်းရှိ အားကစားရုံများ၌ လည်းကောင်း၊ အမျိုးသား/ အမျိုးသမီး ဂျူဒိုပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ဇေယျာသီရိ အားကစားရုံ(A)၌ လည်းကောင်း၊ အသီးသီးပြုလုပ်ကြရာကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲ ဝင်အားကစားသမားများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။ 
-
ထို့နောက် ဆုချီးမြှင့်ပွဲ ကိုဆက်လက်ပြုလုပ်ရာ ပိုက်ကျော်ခြင်းပြိုင်ပွဲ၌(၂)ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသော ကာကွယ်ရေး ဦးစီးချုပ်ရုံး(ရေ)အသင်း၊ အကြီးတန်း(၃)ယောက်ပြိုင်ပွဲတွင် ပထမဆုရရှိသော ရန်ကုန်တိုင်း စစ်ဌာနချုပ် အသင်းနှင့် အကြီးတန်း (၄)ယောက်ပြိုင်ပွဲတွင် ပထမဆုရရှိသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) အသင်းတို့အားလည်းကောင်း၊ဝူရှူးပြိုင်ပွဲ၌တံခွန်စိုက်ဒိုင်းရရှိသည့်ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)အသင်းအားလည်းကောင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စားတပ်မတော်အားကစားနှင့် ကာယပညာ အုပ်ချုပ်ရေး အဖွဲ့ ဒုတိယဥက္ကဋ္ဌ တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ်ဇင်မင်းထက်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မ တော် အရာရှိကြီးများက တံခွန်စိုက်ဒိုင်းဆုများနှင့် ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...