Social Icons

Pages

Tuesday, January 22, 2019

တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၂၁ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ

တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၂၁ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ
-
နေပြည်တော် ဇန်နဝါရီ ၂၁ 
-
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂ဝ၁၉ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်၂၁ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင် နယ် ပွဲစဉ်ကို ယနေ့နံနက် ၇ နာရီတွင် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ ကျင်းပသည်။ 
-
အဆိုပါပြိုင်ပွဲတွင် တနင်္သာရီတိုင်း ဒေသကြီးအသင်းနှင့် နေပြည်တော်အသင်းတို့ယှဉ်ပြိုင်ကြရာ တနင်္သာရီတိုင်း ဒေသကြီး အသင်းက နေပြည်တော်အသင်းကို ၆ ဂိုး ၂ ဂိုးဖြင့်လည်းကောင်း၊ ညနေ ၃ နာရီတွင် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ မကွေးတိုင်း ဒေသကြီးအသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကြရာ မကွေးတိုင်းဒေသကြီး အသင်းက မွန်ပြည်နယ် အသင်းကို၂ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိသည်။ 
-
တတိယနေရာလုပွဲအဖြစ် ဇန်နဝါရီ ၂၃ ရက် နံနက် ၇ နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ နေပြည်တော် အသင်းနှင့် မွန်ပြည်နယ် အသင်း၊ ဗိုလ်လုပွဲအဖြစ် ညနေ ၃ နာရီတွင် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ တနင်္သာရီတိုင်း ဒေသကြီး အသင်းနှင့် မကွေးတိုင်း ဒေသကြီး အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲ အခမ်းအနားကို ကျင်းပမည်ဖြစ်သည်။
-
အဆိုပါ ဘောလုံးပြိုင်ပွဲတွင် ဗိုလ်လုပွဲအဖြစ် တနင်္သာရီတိုင်း ဒေသကြီးအသင်းနှင့် မကွေးတိုင်းဒေသကြီး အသင်း တို့ ယှဉ်ပြိုင်နေမှုနှင့် ဆုပေးပွဲ အခမ်းအနား ကျင်းပနေမှုကို ဇန်နဝါရီ၂၃ရက် ညနေ ၃နာရီမှ စတင်၍ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား ရုပ်သံလိုင်းမှ တိုက်ရိုက် ထုတ်လွှင့်ပြသ သွားမည်ဖြစ်ကြောင်း သိရသည်။ 
-
မောင်မောင်စိုး
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...