-
ရေတာရှည် ဇန်နဝါရီ ၁၄
-
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ဆွာချောင်းတမံမှ ယခုနှစ်နွေစပါး စိုက်ပျိုးရာသီတွင် မူလလျာထားချက်ဖြစ်သော ဧက၅ဝဝဝ အား ဒီဇင်ဘာ တတိယပတ်တွင် ရေစတင်ပေးဝေခဲ့ရာ မူလလျာထားချက်ထက် ဧက ၅ဝဝ ကျော် ပိုမိုပေးဝေနိုင်ကြောင်း သိရသည်။
-
''နွေစပါးစိုက်ပျိုးမည့် စာရင်းမှာ မပါဝင်ပေမယ့် ရေပိုရေလျှံတွေ ဝင်ရောက်လာတဲ့အတွက် တောင်သူတွေစုပြီး စိုက်ကြတာ အဆင်ပြေပါတယ်''ဟု ရေတာရှည်မြို့ ညောင်ပင်သာကျေးရွာနေ ဒေသခံတောင်သူ တစ်ဦးက ပြောသည်။
-
တောင်ငူခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့် ကွင်းဝန်ထမ်းများ၊ နွေစပါးစိုက်ပျိုးလိုသည့် ဒေသခံတောင်သူများ ပူးပေါင်းညှိနှိုင်းဆောင်ရွက်လျက်ရှိရာ ပိုလျှံလာသော ရေဖြင့် မူလလျာထားသည့် ဧကထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ခြင်းဖြစ်သည်။
-
ထို့ပြင် ဆွာချောင်းမြောက်ဘက်ခြမ်းရှိ သိုင်းဝကျေးရွာအုပ်စုအလယ်မြှောင်ကျေးရွာနှင့် ဆွာမင်းလမ်းကျေးရွာအုပ်စု စီပင်အေးကျေးရွာ အကြားရှိ ကွင်းအမှတ်(၆၁၉)နှင့် ဆွာမင်းလမ်း အုပ်စု စီပင်အေးကျေးရွာနှင့် ဆီဆုံကုန်းကျေးရွာ အကြားရှိ ကွင်းအမှတ် ၆၂၁(ဂ)တို့အား ချောင်းပိတ်စနစ်၊ ရေတင်စနစ်ဖြင့် လည်းကောင်း၊ ကြာအင်းကျေးရွာတွင် ရေတင်စနစ်ဖြင့်လည်းကောင်း နွေစပါး စိုက်ပျိုးနိုင်ရန် ရေပေးဝေလျက်ရှိကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment