Social Icons

Pages

Thursday, January 24, 2019

ယခုနှစ် ငါး ပုစွန် အစာကုန်ကြမ်းများ ဈေးနှုန်း မြင့်တက်

ယခုနှစ် ငါး ပုစွန် အစာကုန်ကြမ်းများ ဈေးနှုန်း မြင့်တက်
-
ရန်ကုန်  ဇန်နဝါရီ  ၂၃ 
-
ငါး၊ ပုစွန် အစာကုန်ကြမ်း ဈေးနှုန်းများ ယခုနှစ် ဇန်နဝါရီလတွင် ယခင်နှစ်ထက် မြင့်မားနေပြီး ငါးမွေးမြူသူများ အရှုံးပေါ်နေသည့်အတွက်  ငါးမွေးမြူရေးကဏ္ဍကို အားလုံးပူးပေါင်းပြီး ဆောင်ရွက်မှသာ အစာဈေးနှုန်း ထိန်းနိုင်ပြီး ငါးဈေးပြန်လည် ကောင်းမွန်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။ 
-
''၂ဝ၁၉ ခုနှစ် ကုန်ကြမ်းဈေးနှုန်းက၂ဝ၁၇ ခုနှစ်နဲ့ ၂ဝ၁၈ ခုနှစ်ထက် အားလုံးဈေးနှုန်းတက်ပါတယ်။    ကျတဲ့ကုန်ကြမ်း မရှိပါဘူး။  အထူးသဖြင့် ဖွဲနုဆိုရင် ၂ဝ၁၇ ခုနှစ် ဒီလိုလမှာ  တစ်ပိဿာကို ငွေကျပ် ၃၉၆ ကျပ်ရှိပါတယ်။  ၂ဝ၁၈ ခုနှစ်မှာ  ငွေကျပ် ၃၂၄ ကျပ်၊ ၂ဝ၁၉ ခုနှစ်မှာ ငွေကျပ် ၄၁၄ ကျပ် ရှိပါတယ်။ဒါပေမဲ့ ပစ္စည်းက သိပ်မထွက်ဘူး။ သယ်စရိတ်တွေက ပြီးခဲ့တဲ့နှစ်တွေထက် ဒီနှစ်မှာတအားတက်တယ်'' ဟု  မြန်မာနိုင်ငံ ငါး၊ ပုစွန် အစာထုတ်လုပ် ရောင်းချသူများ အသင်းဥက္ကဋ္ဌ ဒေါက်တာသက်မှူးက ပြောသည်။ 
-
ငါး၊ ပုစွန် အစာကုန်ကြမ်းဈေးနှုန်းသည် ရာသီဥတု အခက်အခဲကြောင့်  ဈေးတက်သကဲ့သို့ ပြည်ပနိုင်ငံများဖြစ်သည့်တရုတ်၏ဝယ်လိုအားမြင့်နေသည့်အချက်များကြောင့်လည်းအစာကုန်ကြမ်းအားလုံး၏ ဈေးနှုန်းသည်  ယခုနှစ်တွင် တက်နေခြင်းဖြစ်ကြောင်း၊ ပဲဖတ်သည် ၂ဝ၁၇ ခုနှစ်နှင့် ၂ဝ၁၈ ခုနှစ်တို့တွင် ငွေကျပ် ၁၁၅ဝ ဖြစ်ပြီး ယခုနှစ်တွင် ပဲဖတ်ဈေးနှုန်းမှာ ငွေကျပ် ၁၂၅ဝ အထိ တက်သွားကြောင်း သိရသည်။
-


#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...