
-
နေပြည်တော် ဒီဇင်ဘာ ၁ဝ
-
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး မစ္စတာ စကော့မာစီရယ်လ်အား ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
-
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ အမေရိကန်ပြည်ထောင်စု Peace Corps အဖွဲ့မှ လုပ်အားပေးများ၏ အခြေခံပညာ ဆရာ/ဆရာမများအား အင်္ဂလိပ်စာ စွမ်းရည်မြင့်မားရေး အတွက် လာရောက်သင်တန်း ပို့ချပေးနေမှု အခြေအနေ၊ လယ်ယာစိုက်ပျိုးရေး အပါအဝင် မူးယစ်ဆေးဝါး သုံးစွဲသူများအား ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်ပေါင်းစည်းရေး စသည့် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများတွင် အကူအညီ ဆက်လက်ပေးအပ်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
-
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment