-
နေပြည်တော် ဒီဇင်ဘာ ၁၈ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မဘိမ်းမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၈ နာရီခန့်တွင် ဘိုင်ဘင်ကျေးရွာ၏ အနောက်ဘက် ၅ မိုင်ခန့် အကွာသို့အရောက်၌ တရားမဝင် ကျွန်းသစ်လုံး ဆိုဒ်စုံ ၉၄ လုံးနှင့် ပိတောက်သစ်ခွဲသား ဆိုဒ်စုံ ၁၁၂ တုံး(စုစုပေါင်းခန့်မှန်း ၂၂ တန်)ကို ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။ အဆိုပါ သိမ်းဆည်းရမိ သစ်များအား မဘိမ်းမြို့နယ် သစ်တောဦးစီးဌာနသို့ စနစ်တကျလွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
-
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment