
-
ရန်ကုန် ဒီဇင်ဘာ ၉
-
ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း ၂ဝ၁၇-၂ဝ၁၈ တက္ကသိုလ်ဝင် စာမေးပွဲတွင် ဂုဏ်ထူးရထူးချွန်သူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့တွင် အဆိုပါကျောင်းရှိ ခန်းမ၌ ကျင်းပသည်။
-
ရှေးဦးစွာ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း(ဗဟန်း) မိဘဆရာအသင်းဥက္ကဋ္ဌ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာနွယ်နီလွင်က အဖွင့်အမှာစကား ပြောကြားပြီး စေတနာရှင် အလှူရှင်များအား ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်သည်။
-
ထို့နောက် နဝမတန်းကျောင်းသား၊ ကျောင်းသူများက အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း(ဗဟန်း) ကျောင်းသီချင်း၊ နွေဦးကဗျာအက (တေးသရုပ်ဖော်)နှင့် မြန်မာ့ကျောင်းသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး သတ္တမတန်း ကျောင်းသား၊ ကျောင်းသူများက ရှမ်းရိုးရာအက (တေးသရုပ်ဖော်)ဖြင့် ဖျော်ဖြေ တင်ဆက်ကြသည်။
-
ဆက်လက်၍ ၂ဝ၁၇-၂ဝ၁၈ တက္ကသိုလ်ဝင် စာမေးပွဲတွင် ဂုဏ်ထူးရ ထူးချွန်သူများအား မြို့နယ်ပညာရေးမှူး ဒေါက်တာသက်သက်စံ၊ကျောင်းအုပ်ဆရာမကြီး ဒေါက်တာနွယ်နီလွင်နှင့် တာဝန်ရှိသူများက ပညာရည်ချွန်ဆုများ အသီးသီး ပေးအပ် ချီးမြှင့်သည်။
-
အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း (ဗဟန်း)မှ ၂ဝ၁၇- ၂ဝ၁၈ တက္ကသိုလ်ဝင် စာမေးပွဲတွင် ခြောက်ဘာသာ ဂုဏ်ထူးရှင် ၁၇ ဦး၊ ငါးဘာသာဂုဏ်ထူးရှင် ၄၇ ဦး၊ လေးဘာသာ ဂုဏ်ထူးရှင် ၄ဝ ဦး၊သုံးဘာသာဂုဏ်ထူးရှင် ၄၅ ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် ၄၃ ဦးနှင့် တစ်ဘာသာ ဂုဏ်ထူးရှင် ၇၁ ဦး ထွက်ပေါ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment