Social Icons

Pages

Thursday, November 29, 2018

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် TELECOM INTERNATIONAL MYANMAR CO.,LTD.(MYTEL) အမှုဆောင် အရာရှိချုပ်အား လက်ခံ တွေ့ဆုံ

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Telecom International MYANMAR Co.,Ltd.(Mytel) အမှုဆောင် အရာရှိချုပ်အား လက်ခံ တွေ့ဆုံ
-
နေပြည်တော်၊ နိုဝင်ဘာ - ၂၈
-
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် Telecom International MYANMAR Co.,Ltd.(Mytel) အမှုဆောင် အရာရှိချုပ် Mr. Nguyen Thanh Nam အား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
-
အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစောနှင့် မြန်မာ စီးပွားရေး ကော်ပိုရေးရှင်း၊ ဦးဆောင် ညွှန်ကြားရေးမှူး ဦးသန့်ဆွေ တို့တက်ရောက် ကြပြီး Telecom International MYANMAR Co.,Ltd.(Mytel) အမှုဆောင် အရာရှိချုပ်နှင့်အတူ တာဝန်ရှိသူများ တက်ရောက်ကြသည်။
-
ထိုသို့ တွေ့ဆုံရာတွင် လုပ်ငန်း ဆောင်ရွက်မှုနှင့် တိုးတက်မှု အခြေအနေများ၊ ပြည်သူများအား ဆက်သွယ်ရေး ၀န်ဆောင်မှုများ ပေးနေမှု အခြေအနေများ၊ စာသင်ကျောင်းများတွင် အင်တာနက်လိုင်းများ တပ်ဆင်ပေးနေမှု အခြေ အနေများ၊ ကျေးလက် ဒေသများအထိ ၀န်ဆောင်မှု လုပ်ငန်းများ ရရှိအောင် ဆောင်ရွက်နေမှု အခြေအနေများအား အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
-
တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် Telecom International MYANMAR Co.,Ltd.(Mytel) အမှုဆောင် အရာရှိချုပ်တို့သည် အမှတ်တရ လက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ပြီး စုပေါင်း ဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်း ရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...