Social Icons

Pages

Friday, November 9, 2018

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နယ်သာလန်နိုင်ငံ၊ နိုင်ငံခြား ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး H.E. MRS. SIGRID KAAG အားလက်ခံတွေ့ဆုံ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နယ်သာလန်နိုင်ငံ၊ နိုင်ငံခြား ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး H.E. Mrs. Sigrid Kaag အားလက်ခံတွေ့ဆုံ
-
နေပြည်တော်၊ နိုဝင်ဘာ - ၈
-
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နယ်သာလန် နိုင်ငံ၊ နိုင်ငံခြား ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး H.E. Mrs. Sigrid Kaag အား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ လက်ခံတွေ့ဆုံသည်။
-
အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစော၊ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော် အရာရှိ ကြီးများတက်ရောက်ကြပြီး နယ်သာလန်နိုင်ငံ၊ နိုင်ငံခြားကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန် နိုင်ငံသံအမတ်ကြီး H.E. Mr. Wouter Jurgens နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
-
ထိုသို့ တွေ့ဆုံရာတွင် လွတ်လပ်ရေးရပြီးချိန်မှစ၍ မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင် ပြောင်းလဲမှု များတွင် တပ်မတော်မှ အစိုးရအဆက်ဆက် ပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့ရမှု အခြေအနေများ နှင့် ယခုအခါတွင်ပြည်သူများ မှ ရွေးချယ်သည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက် လှမ်းနေချိန်၌ တပ်မတော်မှ ခိုင်ခိုင်မာမာရပ်တည် ဆောင်ရွက်နေမှု အခြေအနေများ၊ ပြည် တွင်း ငြိမ်းချမ်းရေး ရရှိရန်အတွက် အစိုးရနှင့် တပ်မတော်မှ ဆောင်ရွက်နေမှု အခြေအနေများ၊ ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်၍ သတင်းအချက် အလက်များ မှန်ကန်မှုရှိရန် လိုအပ်မှုနှင့် ယူဆချက်များ ဘက်လိုက်မှုမရှိရန် လိုအပ်မှုအခြေအနေများ၊ တစ်ဖက်နိုင်ငံသို့ ထွက်ခွာသွားသည့် ဘင်္ဂါလီ လူမျိုးများအား ဥပဒေနှင့်အညီ စိစစ်လက်ခံနိုင်ရေးအတွက် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘော တူညီချက်ဖြင့် ဆောင်ရွက်နေမှု အခြေအနေများ၊ ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြားရေး ဒုတိယ၀န်ကြီးဟောင်း H.E. Ambassador Mrs. Rosario Manalo ဦးဆောင်သည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ လိုအပ်သည့် သတင်း အချက်အလက်များရရှိရေး တပ်မတော်မှ အပြည့်အ၀ပူးပေါင်း ကူညီဆောင်ရွက် လျက်ရှိသည့် အခြေအနေများအား ဆွေးနွေးခဲ့ကြသည်။
-
တွေ့ဆုံပွဲအပြီးတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က နယ်သာလန်နိုင်ငံ၊ နိုင်ငံခြား ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီးအား အမှတ်တရ လက်ဆောင် ပစ္စည်းပေးအပ်ပြီး တက်ရောက် လာကြသူများနှင့်အတူ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...