Social Icons

Pages

Thursday, November 29, 2018

ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများ ရောင်းချရေး ကွင်းဆင်းစစ်ဆေး

ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများ ရောင်းချရေး ကွင်းဆင်းစစ်ဆေး
-
ဆိပ်ဖြူ နိုဝင်ဘာ ၂၈
-
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ယမန်နေ့က ကျောင်း သား၊ ကျောင်းသူများအား ကျန်းမာရေးနှင့် မညီညွတ်သော စားသုံးရန် မသင့်သည့် အစား အစာများ ရောင်းချခြင်း မရှိစေရန် ရှောင်တခင် ကွင်းဆင်း စစ်ဆေးကြောင်း သိရသည်။
-
ရှေးဦးစွာ ခရိုင်စားသုံးသူရေးရာ ဦးစီးဌာန ဒုတိယဦးစီးမှူးက စားသုံးရန် မသင့်သည့် အစား အစာများနှင့် သက်တမ်းလွန် အစားအသောက်များ ရောင်းချမှု မပြုလုပ်ရန် အသိပညာပေးပြီး မြို့နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန လက်ထောက် ကျန်းမာရေးမှူးက ကျောင်မုန့်ဈေးတန်း အစားအသောက် အန္တရာယ် ကင်းရှင်းရေး ကျန်းမာရေး အသိပညာများကို ဈေးသည်များအား ရှင်းလင်း ပြောကြားသည်။
-
အခြေခံပညာ ကျောင်းများရှိ ကျောင်းမုန့်ဆိုင်များတွင် ကျန်းမာရေးနှင့် မညီညွတ်သည့် အစား အစာများ၊ ဓာတုဆေးဝါးများ သုံးစွဲထားသည့် အစားအစာများ၊ သက်တမ်းလွန် အစားအစာ များ၊ တရားဝင် ထုတ်ပြန်ထားသည့် စားသုံးရန်မသင့်သော အစားအစာများကို ကျောင်းသား၊ ကျောင်းသူများအား ရောင်းချမှု မရှိစေရန် ရည်ရွယ်၍ ခရိုင်စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ် ပညာရေးမှူးရုံးနှင့် ဆိပ်ဖြူ အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ် ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ် စည်ပင် သာယာရေး အဖွဲ့၊ သက်ဆိုင်ရာဌာနများ၊ လူမှုရေး အဖွဲ့များ ပူးပေါင်း၍ ကျောင်းမုန့် ဆိုင်များကို စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။
-
စိုးလင်းနိုင်
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...