Social Icons

Pages

Tuesday, November 13, 2018

(၄၈)ကြိမ်မြောက် မသိုးသင်္ကန်းပြိုင်ရက် ပူဇော်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင် ရွှေတံဆိပ်ဆုရှင်များက ခြင်းအလှခတ်၍ ဖျော်ဖြေမည်

(၄၈)ကြိမ်မြောက် မသိုးသင်္ကန်းပြိုင်ရက် ပူဇော်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင် ရွှေတံဆိပ်ဆုရှင်များက ခြင်းအလှခတ်၍ ဖျော်ဖြေမည်
-
မိတ္ထီလာ နိုဝင်ဘာ
-
၁၂ မိတ္ထီလာမြို့၌ နဂါးရုံမဟာဗောဓိ စေတီတော်ကြီး၏ (၄၈)ကြိမ်မြောက် မသိုးသင်္ကန်း ပြိုင်ရက်ပူဇော်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင် ရွှေတံဆိပ်ဆုရှင်များက နိုဝင်ဘာ ၂၁ ရက်မှ ၂၂ရက်အထိ တစ်ပင်တိုင်ခြင်း အလှခတ်၍ ဖျော်ဖြေ သွားမည်ဖြစ်ကြောင်း    သိရသည်။
-
နဂါးရုံ   မဟာဗောဓိစေတီတော်ကြီး၏ ကျောင်းဝင်းအတွင်း၌ နိုင်ငံ့ဂုဏ်ဆောင် ရွှေတံဆိပ်ဆုရှင် မျိုးမင်းသူ၊ ဆီးဂိမ်းရွှေတံဆိပ်ဆုရှင်  မျိုးဇော်ဦး၊  မန္တလေးတိုင်း ဒေသကြီး ရွှေတံဆိပ်ဆုရှင်  ပပဟန်  (တစ်ပင်တိုင်ခြင်း အလှခတ်) တို့နှင့်အတူ မန္တလေးတိုင်း လက်ရွေးစင်၊ မိတ္ထီလာခရိုင် လက်ရွေးစင်၊ ဝမ်းတွင်း၊ ပျော်ဘွယ်မှ  ခြင်းညီအကိုများ၊  မိတ္ထီလာမြို့မှ ခြင်းဝါသနာရှင်များက နိုဝင်ဘာ ၂၁ ရက် နှင့် ၂၂ ရက်တို့တွင်   ညနေ ၃ နာရီမှ ၁ဝ နာရီအထိ တစ်ပင်တိုင်ခြင်း အလှခတ်ခြင်း၊ ဝိုင်းခြင်းခတ်ခြင်းများဖြင့် နဂါးရုံမဟာဗောဓိစေတီတော်ကြီး၏      (၄၈)ကြိမ်မြောက် မသိုးသင်္ကန်းပြိုင်ရက် ပူဇော်ပွဲတွင် ခြင်းအလှခတ်၍ ဖျော်ဖြေမည်ဖြစ်သည်။
-
မြန်မာ့ရိုးရာ ခြင်းကစားနည်းပညာ မတိမ်ကော  မပပျောက်အောင် ထိန်းသိမ်းနိုင်ရန် အတွက် ယခုကဲ့သို့ နိုင်ငံ့ဂုဏ်ဆောင် ရွှေတံဆိပ်ဆုရှင်များ၊ လက်ရွေးစင်အဖွဲ့များ၊ ခြင်းဝါသနာရှင်များအား ဖိတ်ခေါ်၍ တစ်ပင်တိုင်ခြင်း အလှခတ်ခြင်းနှင့် ဝိုင်းဖွဲ့၍  ဝိုင်းခြင်းခတ်ကစားစေခြင်းများကို မိတ္ထီလာ၊  ဝမ်းတွင်း၊ သဲတော၊  ပျော်ဘွယ်မြို့နယ်တို့မှ  ခြင်းဝါသနာရှင်များက ပွဲဖြစ်မြောက်အောင်  စီစဉ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...