Social Icons

Pages

Tuesday, November 27, 2018

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း (၁၉)ကြိမ်မြောက် အာဆီယံကြည်းတပ် ဦးစီးချုပ်များ အစည်းအဝေး 19TH ACAMM တက်ရောက်

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း (၁၉)ကြိမ်မြောက် အာဆီယံကြည်းတပ် ဦးစီးချုပ်များ အစည်းအဝေး 19th  ACAMM တက်ရောက်
-
နေပြည်တော်၊ နိုဝင်ဘာ -၂၆ 
-
ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၂၆ ရက် ဒေသစံတော်ချိန်နံနက် ၉ နာရီ ၁ဝ မိနစ်တွင် မလေးရှားနိုင်ငံ၊ မလက္ကာမြို့၊ Casa del Rio ဟိုတယ်၊ KD Hang Tuah Ballroom ၌ ကျင်းပပြုလုပ်သည့် (၁၉)ကြိမ်မြောက် အာဆီယံကြည်းတပ် ဦးစီးချုပ်များ အစည်းအဝေး (19th ASEAN Chiefs of  Army Multilateral Meeting- 19th ACAMM) ဖွင့်ပွဲအခမ်းအနားသို့ အာဆီယံ နိုင်ငံများမှ ကြည်းတပ် ဦးစီးချုပ်များနှင့် အတူ တက်ရောက်သည်။
-
-
ဦးစွာ မလေးရှားကြည်းတပ်ဦးစီးချုပ် General Dato' Seri Panglima Hj Ahmad Hasbullah Bin Hj Mohd Nawawi နှင့်မလေးရှား ကာကွယ်ရေးဝန်ကြီး Mr. Mohamad Sabu တို့က အဖွင့်အမှာစကားများ ပြောကြားကြပြီး မလေးရှားနည်းပညာတက္ကသိုလ် ပါမောက္ခ Dr. Azmi Bin Hassan က Non-tradiotional Thread  နှင့် Indo-Pecific လုံခြုံရေးဆိုင်ရာ perspective View များကို ဆွေးနွေးပြီး ဆွေးနွေးမှုအပေါ်တွင် တက်ရောက်လာကြသည့် အာဆီယံကြည်းတပ် ဦးစီးချုပ်များက အပြန်အလှန်ဆွေးနွေးခဲ့ကြကာ ပါမောက္ခ ကပင် လွှမ်းခြုံ သုံးသပ်ချက်များဖြင့် ပြန်လည် ဆွေးနွေးခဲ့သည်။
-
ထို့နောက် စင်္ကာပူတပ်မတော်မှ  Assistant Chief of General Staff (Intelligence)  ဖြစ်သူ  Col. EDWARD CHEN က စင်္ကာပူနိုင်ငံ၌ ၂ဝ၁၈ ခုနှစ်၊ ဇူလိုင် ၃ ရက်မှ ၅ ရက်အထိ ကျင်းပခဲ့သည့်  1st ASEAN  ARMIES  INFORMATION  SHARING WORKSHOP  ၏ လုံခြုံရေးဆိုင်ရာ ဆုံးဖြတ်ချက်များအား ဖတ်ကြားဆွေးနွေး တင်ပြသည်။
-
ဆက်လက်ပြီး မလေးရှား တပ်မတော်မှ Lieutenant Colonel Rozaini Bin Adlat, Malaysia Army Shooting Team Manager က AARM  2019 နှင့် ပတ်သက်သည့် New Concepts အဆိုပြုမူကြမ်းအား တင်ပြဆွေးနွေးရာ တက်ရောက်လာကြသော ကြည်းတပ် ဦးစီးချုပ်များက လက်ရှိကျင့်သုံးလျက် ရှိသည့် လုပ်ငန်းစဉ်များအတိုင်း ဆက်လက် ဆောင်ရွက်သွားကြရန် သဘောတူခဲ့ကြသည်။
-
၎င်းနောက် ၂ဝ၁၉ ခုနှစ်တွင် အိမ်ရှင်အဖြစ် ကျင်းပမည့် အင်ဒိုနီးရှားကြည်းတပ် ဦးစီးချုပ်ထံသို့ မလေးရှားတပ်မတော် ကြည်းတပ်ဦးစီးချုပ်က အထိမ်းအမှတ် အလံကို လွှဲပြောင်းပေးအပ်ပြီး ပိတ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
-
-
ယင်းနောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)သည် မလေးရှားကြည်းတပ် ဦးစီးချုပ်နှင့် အာဆီယံကြည်းတပ် ဦးစီးချုပ်များ၊ တက်ရောက်လာသည့် ကိုယ်စားလှယ် အဖွဲ့ဝင်များနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...