Social Icons

Pages

Tuesday, October 2, 2018

အကြမ်းဖက်ဝါဒကင်းစင်သည့် ကမ္ဘာမြေတစ်ရပ်ပေါ်ထွန်းရေးလုပ်ထုံးလုပ်နည်းတွင် မြန်မာနိုင်ငံမှပါဝင်လက်မှတ်ရေးထိုး



နေပြည်တော်   အောက်တိုဘာ   ၁
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပသည့် (၇၃)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံအစည်းအဝေးကာလအတွင်း အကြမ်းဖက်ဝါဒကင်းစင်သည့် ကမ္ဘာမြေတစ်ရပ်ပေါ်
ထွန်းရေးလုပ်ထုံးလုပ်နည်း(Code of Conduct Towards Achieving A World Free Of Terrorism)လက်မှတ်ရေးထိုးသည့်အခမ်းအနားကို စက်တင်ဘာ ၂၈ ရက် ဒေသစံတော်ချိန် ညနေ ၃ နာရီတွင် ကုလသမဂ္ဂဌာနချုပ်
စီးပွားရေးနှင့် လူမှုရေးကောင်စီအစည်းအဝေးခန်းမ၌ ကာဇက်စတန်နိုင်ငံက ကမကထပြုလုပ်၍ ကျင်းပခဲ့သည်။
-
အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံမှ ပါဝင်တက်ရောက်၍ အကြမ်းဖက်ဝါဒကင်းစင်သည့် ကမ္ဘာမြေ တစ်ရပ်ပေါ်ထွန်းရေးလုပ်ထုံးလုပ်နည်းကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရကိုယ်စား ကုလသမဂ္ဂဆိုင်ရာ
မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း လက်မှတ်ရေးထိုးထားသည့်မှတ်တမ်းကို ကာဇက်စတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Mr.Kairat Abdrakhmanov ထံသို့ လွှဲပြောင်းပေးအပ်
ခဲ့သည်။
-
အခမ်းအနားတွင် ကာဇက်စတန်နိုင်ငံခြားရေးဝန်ကြီး H.E.Mr. Kairat Abdrakhmanov၊ ကုလသမဂ္ဂ အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးရုံး (UNOCT) လက်ထောက်အတွင်းရေးမှူးချုပ် H.E. Mr. Vladimir
Voronkov၊ အာဖရိကသမဂ္ဂ ငြိမ်းချမ်းရေးနှင့်လုံခြုံရေးဆိုင်ရာကော်မရှင်နာ H.E.Mr.Smail Chergui၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အကြမ်းဖက်မှုတန်ပြန်တိုက် ဖျက်ရေးကော်မတီ သဘာပတိ ကုလသမဂ္ဂဆိုင်ရာ ပီရူး
နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် H.E. Mr. Gustavo Meza-Cuadra၊ ကုလသမဂ္ဂအကြမ်းဖက်မှုတန်ပြန် တိုက်ဖျက်ရေးစင်တာ အကြံပေးဘုတ်အဖွဲ့ဝင်နှင့် ကုလသမဂ္ဂဆိုင်ရာ ဆော်ဒီနိုင်ငံအမြဲတမ်းကိုယ်စားလှယ်
ံH.E.Ambassador Ahdallah Y.Al-Mouallimi တို့က အမှာစကားများပြောကြားခဲ့ကြသည်။
-
မြန်မာနိုင်ငံအနေဖြင့် အထက်ပါလုပ်ထုံးလုပ်နည်းကို လက်မှတ်ရေးထိုးခြင်းဖြင့် အကြမ်းဖက်ဝါဒအန္တရာယ်
ကြိုတင်ကာကွယ်ရေးနှင့် တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြားသောလက်မှတ်ရေးထိုးဖက်နိုင်ငံများနှင့် ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်ဆက်ဆံရေးတစ်ရပ် ထူထောင်နိုင်မည့်အခွင့်အလမ်းရရှိလာမည်ဖြစ်သည့်
အပြင် အကြမ်းဖက်ဝါဒကို ပိုမိုထိရောက်စွာကာကွယ် တိုက်ဖျက်နိုင်ရန်အတွက် ကုလသမဂ္ဂအကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး ကမ္ဘာလုံးဆိုင်ရာမဟာဗျူဟာ (GCTS)နှင့် ယင်းကိုပြန်လည်သုံးသပ်ထားသည့် သုံးသပ်
ချက်(Biennial UN GCTS Review)တို့ပါ အကြံပြုချက်များကို အကောင်အထည်ဖော်ရာတွင် ကုလသမဂ္ဂနှင့် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်သည့်အခွင့်အရေးများ ရရှိလာမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...