Social Icons

Pages

Sunday, October 14, 2018

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဦးဆောင်သော အဖွဲ့ စစ်တွေမြို့သို့ ရောက်ရှိ

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဦးဆောင်သော အဖွဲ့ စစ်တွေမြို့သို့ ရောက်ရှိ
-
စစ်တွေ အောက်တိုဘာ ၁၃
-
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာ နိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Ms. Christine Schraner Burgener ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေ ပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ စစ်တွေမြို့သို့ လေကြောင်း ခရီးဖြင့် ရောက်ရှိ ကြသည်။
-
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာ နိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ်အား ပြည်နယ် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ ဖြစ်ကြသော ဦးအောင်ကျော်ဇံ၊ ဒေါက်တာချမ်းသာနှင့် တာဝန်ရှိသူများက စစ်တွေလေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြ သည်။
-
အထူးကိုယ်စားလှယ် နှင့်အဖွဲ့သည် ဘူးသီးတောင်နှင့် မောင်တောဒေသတို့သို့ သွားရောက်၍ လူမှုအသိုက်အဝန်း များနှင့် တွေ့ဆုံကာ ဒေသတွင်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များကို ကြည့်ရှုလေ့လာ သွားမည်ဖြစ်ကြောင်း သိရသည်။
-
ကျော်သူဝင်း၊ အောင်ကျော်ဦး
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...