Social Icons

Pages

Friday, September 14, 2018

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တောင်ကြီးမြို့ရှိ နယ်မြေခံတပ်မတော် ဆေးရုံ၌တက်ရောက် ကုသလျက်ရှိသည့် စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်းများနှင့် ဒေသခံတိုင်းရင်း သားများအားသွားရောက်တွေ့ဆုံအားပေး၊ ဟိုပုံးတပ်နယ်ရှိ တပ်မတော်ကွန်ပျူတာနှင့်နည်းပညာ သိပ္ပံကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံကျောင်း ကျောင်းအုပ်ကြီးနှင့်တာဝန်ရှိသူတို့အား သင်တန်းကျောင်းတွင် ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ အမှာစကားပြောကြားစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အမျိုးသားကုသဆောင်တွင် ဆေးကုသမှုခံယူနေသူတစ်ဦး၏ ရောဂါဖြစ်ပွားမှုအခြေအနေများအား မေးမြန်းအားပေးစကားပြောကြားစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှ အမျိုးသမီးကုသဆောင်တွင် ဆေးကုသမှုခံယူနေသူမွေးလူနာတစ်ဦးအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေး
စကားပြောကြားစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကျောင်းပြခန်းအတွင်း ခင်းးကျင်းးပြသထားမှုမှုများအား ကြည့်ရှုစစ်ဆေးစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သင်တန်းသားများနှင့်အတူ နေ့လယ်စာအတူတကွ သုံးဆောင်စဉ်။

နေပြည်တော် ၁၄-၉-၂ဝ၁၈

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်နှင့် တာဝန်ရှိသူများလိုက်ပါပြီး ယနေ့နံနက်ပိုင်းတွင်တောင်ကြီးမြို့ရှိ နယ်မြေခံတပ်မတော် ဆေးရုံ၌ တက်ရောက်ကုသလျက်ရှိသည့် စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်း များနှင့် ဒေသခံတိုင်းရင်းသားများ အားသွားရောက်တွေ့ဆုံအားပေးစကားပြောကြားသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည်အမျိုးသားကုသဆောင်တွင် တက်ရောက်ကုသလျက်ရှိသည့် စစ်သည်များ၊ စစ်မှုထမ်းဟောင်းများနှင့် ဒေသခံတိုင်းရင်းသားများအားတစ်ဦးချင်း ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်၍ ရောဂါဖြစ်ပွားမှု အခြေအနေများ အားမေးမြန်းအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။ ထို့အတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီးဒေါ်ကြူကြူလှသည် လည်း အမျိုးသမီးကုသ ဆောင်တွင် တက်ရောက်ကုသလျက်ရှိသည့် စစ်သည်မိသားစုများ နှင့်ဒေသခံပြည်သူ ကိုယ်ဝန်ဆောင်မိခင်များ အားတစ်ဦးချင်းရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက် အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဆေးရုံအတွင်းလှည့်လည် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိ သူများ၏တင်ပြချက်များအပေါ်လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ဟိုပုံးတပ်နယ်ရှိ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းသို့ရောက်ရှိကြရာ အစည်းအဝေးခန်းမတွင် ကျောင်းအုပ်ကြီးက သင်တန်းများလေ့ကျင့် သင်ကြားပေးနေမှုအခြေအနေများ၊ တပ်တည်တည်ဆောက်ရေးလုပ်ငန်းဆိုင်ရာများနှင့် သင်တန်းကျောင်းရှိ အရာရှိ၊ စစ်သည်၊ မိသားစုများသက်သာချောင်ချိရေးအတွက်တပ်ပိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက် ပေးထားမှုအခြေအနေများအားရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော်ကွန်ပျူတာ နှင့်နည်းပညာသိပ္ပံကျောင်း၏ ရွယ်ရွယ်ချက်ဖြစ်သည့် တပ်မတော်(ကြည်း၊ရေ၊လေ)အတွက်လိုအပ်သော အရည်အချင်းနှင့်ပြည့်စုံသည့်အတတ် ပညာရှင်ဒီပလိုမာလက်မှတ်ရ ပညာသည်တပ်ကြပ်ကြီးများ မွေးထုတ်ပေး ရန်ဆိုသည့်အတိုင်း အမှန်တကယ်တတ်ကျွမ်းနေအောင်သင်ကြားပေးရန်၊ စစ်ပညာ၊ စာပေပညာ နှင့် အင်ဂျင်နီယာနည်းပညာများ သင်ကြားပေးနေသည့်ကျောင်းဖြစ်၍စည်းကမ်း ကောင်းမွန်ရေးအတွက် စနစ်တကျ ကြပ်မတ်ဆောင်ရွက်ရန်၊ သင်တန်းသားများ မိမိတို့သင်ကြားရသည့်ဘာသာရပ်အလိုက် ကျွမ်းကျင်မှုရှိစေရေး ဘာသာရပ်အထောက် အကူပြုဖြတ်ပိုင်းပုံ၊ စံပြုပုံများထားရှိ၍လေ့ကျင့်ပေးရန်၊ အင်ဂျင်နီယာပညာရပ်တွင် အရေးကြီးသည့် အီလက်ထရောနစ်ဘာသာရပ်၊ အင်္ဂလိပ်စာနှင့် ကွန်ပျူတာဘာသာရပ်များကို ကျွမ်းကျင်မှု ရှိအောင်သင်ကြားပေးရန်၊ အင်ဂျင်နီယာပိုင်းဆိုင်ရာအသိအမြင်များ ပိုမိုတိုးတက်စေရေး Philosophy of Engineering အမြင်အားတတ်နိုင်သမျှသင်ကြား ပေးရန်တို့အားမှာကြားသည်။

၎င်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ကျောင်းပြခန်း အတွင်းခင်းကျင်းပြသထားမှု များအားကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် စာသင်ခန်းများအတွင်း သင်တန်းသားများအား သင်ခန်းစာများ သင်ကြားပို့ချပေးနေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များ အပေါ်လိုအပ် သည်များဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် နည်းပညာပြခန်း အတွင်း ခင်းကျင်းပြသထား သည့် စက်မှုအင်ဂျင်နီယာဌာနပြခန်း၊ အီလက်ထရောနစ် အင်ဂျင်နီယာဌာနပြခန်း၊ ဓာတုအင်ဂျင်နီယာဌာန ပြခန်း၊ ကွန်ပျူတာအင်ဂျင်နီယာ ဌာနပြခန်း၊ သတ္တုဗေဒအင်ဂျင်နီယာပြခန်း၊ စက်မှုအီလက်ထရောနစ် အင်ဂျင်နီယာပြခန်း၊ မြို့ပြအင်ဂျင်နီယာပြခန်း၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာပြခန်းများအတွင်းခင်းကျင်း ပြသထားရှိမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးရာတာဝန်ရှိသူများကလိုက်လံ ရှင်းလင်းတင်ပြကြသည်။ ၎င်းနောက်နေ့လယ်ပိုင်းတွင်သင်တန်းသားစားရိပ်သာ၌ သင်တန်းသားများနှင့်အတူ နေ့လယ်စာအား အတူ တကွသုံးဆောင်ကြသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် သင်တန်းကျောင်း အတွင်းရှိ ရာသီသီးနှံ စိုက်ခင်းနှင့် Green House များအတွင်း ရာသီသီးနှံများစိုက်ပျိုး ထားရှိမှုအခြေအနေများ၊ မွေးမြူရေးခြံများ အတွင်း DYL ၀က်များမွေးမြူထားရှိမှု၊ နို့စားနွားများမွေးမြူထားရှိမှု၊ အသားစားကြက်နှင့် ဥစားကြက်များ မွေးမြူ ထားရှိမှုများ အားကြည့်ရှုစစ်ဆေးပြီးတာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်လိုအပ်သည်များမှာကြားဖြည့် ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...