Social Icons

Pages

Monday, September 3, 2018

မစိုးရိမ်ကျောင်းတိုက်ရှိ သုဓမ္မနယူပဒေသကျောင်းမှ သံဃာတော်များကို ကျန်းမာရေးစောင့်ရောက်မှုလုပ်ငန်းများ ဆောင်ရွက်


သံဃာတော်များအား အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့ကကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးစဉ်။

နေပြည်တော် ၃-၉-၂ဝ၁၈

မန္တလေး မဟာအောင်မြေမြို့နယ် မစိုးရိမ်ကျောင်းတိုက်ရှိ သုဓမ္မနယူပဒေသ ကျောင်းမှ နာယက၊ စာချ၊ စာသင်သံဃာတော်များကို ယနေ့နေ့လယ်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေးအဖွဲ့က အဆိုပါကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် နယ်လှည့် ဆေးကုသရေးအဖွဲ့က သံဃာတော် ၃၁၂ပါး တို့ကို ခွဲစိတ်ရောဂါ၊ အရိုးရောဂါ၊မျက်စိရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ သွားရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။ ကျန်းမာရေး စစ်ဆေးကုသမှုခံယူသူ သံဃာတော်များ အနက်မှ သံဃာတော် ၃၇ပါးကို ဓာတ်ခွဲ စမ်းသပ်ပေးခြင်းနှင့် သံဃာတော် ၁၆ပါးကို ECG စက်ဖြင့် နှလုံးစမ်းသပ်ပေးခြင်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးမှုများကို တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်စွာလင်းနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု ဖူးမြော်ကာ လိုအပ်သည်များ လျှောက်ထားညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...