Social Icons

Pages

Thursday, September 6, 2018

ရာသီတုပ်ကွေးရောဂါဖြစ်ပွားခဲ့သော လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ဝေးလံခေါင်ပါးသည့် ကျေးရွာများသို့ တပ်မတော်ဆေးကုသရေးအဖွဲ့ သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်


နေပြည်တော် ၆-၉-၂ဝ၁၈

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဒုံယီးမြို့နယ် ဝမ်ယုတ်ကျေးရွာရှိ ဒေသခံပြည်သူများသည် သြဂုတ် ၁၉ ရက်တွင် တုပ်ကွေးဖျားနာခြင်းနှင့် အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါများ ဖြစ်ပွားကြောင်း သိရှိရသဖြင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ်အတွင်းရှိ နယ်မြေခံ တပ်မတော်ဆေးရုံမှ ပါရဂူများပါဝင်သော ဆေးကုသရေးအဖွဲ့သည် သြဂုတ် ၂၉ရက်တွင် ရောဂါဖြစ်ပွားခဲ့သည့် ဝမ်ယုတ်ကျေးရွာသို့ ရောက်ရှိခဲ့ပြီး ဒုံယီးတိုက်နယ်ဆေးရုံမှ ဆရာဝန်များနှင့် ပူးပေါင်း၍ သြဂုတ် ၃ဝ ရက်မှစတင်ကာ လိုအပ်သည့်စစ်ဆေးမှုများ၊ ဆေးဝါးကုသမှုများ၊ ကျန်းမာရေး စောင့်ရှောက်မှုများနှင့် ကျန်းမာရေးအသိပညာ ပေးဟောပြောမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင် နန်းယွန်းမြို့နယ် လန်ပန်ကျေးရွာရှိ ဒေသခံပြည်သူ ဦးရေ ၂ဝကိုလည်းကောင်း၊ ဟကွန်ကျေးရွာရှိ ဒေသခံပြည်သူ ၁၇၇ဦး ကိုလည်းကောင်း လိုအပ်သောကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများနှင့် ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းများ ဆက်လက်ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...