Social Icons

Pages

Monday, September 3, 2018

မြန်မာ့တပ်မတော် စစ်တီးဝိုင်းအဖွဲ့ မော်စကိုမြို့ရှိ အထင်ကရနေရာများ၌ ဖျော်ဖြေ


လီနင်ဂရက်ဘူတာ အမှုဆောင်အရာရှိဖြစ်သူ Ms.Nadezhda ကမြန်မာ့တပ်မတော်စစ်တီးဝိုင်း အဖွဲ့အား လက်ဆောင်ပေးအပ်စဉ်။

နေပြည်တော် ၃-၉-၂ဝ၁၈

နိုင်ငံတကာ စစ်တီးဝိုင်းအဖွဲ့များသည် သြဂုတ် ၂၅ ရက် ဒေသစံတော်ချိန် မွန်းတည့်၁၂ နာရီတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ရှိ VDNKH ပန်းခြံအတွင်း အဖွဲ့လိုက်တန်းစီလျက် နိုင်ငံအလိုက် တေးသီချင်းများ တီးမှုတ်ကာ ဖျော်ဖြေကြသည်။

မြန်မာ့တပ်မတော် စစ်တီးဝိုင်းအဖွဲ့အနေဖြင့် စစ်ချီတေးသီချင်းများ ဖြစ်ကြသော တပ်မတော်၊ ပြည်သူ့တပ်မတော်နှင့် အောင်လံလွှင့်မယ့် ဒို့တပ်မတော် စစ်ချီတေးသီချင်း သုံးပုဒ်အား သံပြိုင်တီးမှုတ်လျက် ပန်းခြံအတွင်း လာရောက် လည်ပတ် အပန်းဖြေကြသူများကို ညီညာစွာ ချီတက်လမ်းလျှောက် ဖျော်ဖြေကြသည်။ 

အလားတူ စက်တင်ဘာ ၁ ရက် ဒေသ စံတော်ချိန် မွန်းတည့် ၁၂ နာရီတွင် မော်စကိုမြို့ရှိ အထင်ကရနေရာတစ်ခုဖြစ်သော လီနင်ဂရက်ဘူတာ၌ မြန်မာ့တပ်မတော် စစ်တီးဝိုင်း အဖွဲ့သည် စစ်ချီတေးသီချင်းနှစ် ပုဒ်ဖြစ်သော အောင်လံဝေဝေ ကြည်း၊ ရေ၊လေနှင့် ပြည်သူ့တပ်မတော် စစ်ချီတေးသီချင်းတို့ဖြင့် လည်းကောင်း၊ မြန်မာတေးသီချင်းများဖြစ်သည့် စည်းလုံးခြင်းအတွက် သီချင်းတစ် ပုဒ်၊ ယဉ်တစ်ကိုယ်မယ်၊ ထာဝရမြန်မာ၊ ပန်းရည်ဘဏ်တိုက်၊ မန်းတောင်ရိပ်ခိုနှင့် ဒိုး ကလေး သီချင်းတို့ဖြင့် လည်းကောင်း တီးမှုတ်ဖျော်ဖြေကြသည်။ ဖျော်ဖြေမှုအပြီးတွင် ဘူတာရှိ အမှုဆောင်အရာရှိဖြစ်သူ Ms.Nadezhda က မြန်မာ့တပ်မတော် စစ်တီးဝိုင်းအဖွဲ့အား လက်ဆောင်ပေး အပ်သည်။ 

နိုင်ငံတကာ စစ်ဘက်ဆိုင်ရာ တေးဂီတ ပွဲတော် နဝမမြောက်နေ့ကို ဒေသစံတော်ချိန် ည ၈ နာရီတွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...