Social Icons

Pages

Tuesday, September 4, 2018

ပုသိမ်ကြီးမြို့နယ်ရှိ အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ (မန္တလေး) ၌ နေထိုင်ကြမည့်သူများကို အိမ်ရာနေထိုင်ခွင့်လက်မှတ်နှင့် တိုက်ခန်းသော့များ ဒုတိယအကြိမ် လွှဲပြောင်းပေးအပ်



နေပြည်တော် ၄-၉-၂ဝ၁၈

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်ရှိ အဆင့်မြင့်စစ်မှု ထမ်းဟောင်းအိမ်ရာ (မန္တလေး)၌ နေထိုင်ကြမည့် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များကို အိမ်ရာနေထိုင်ခွင့် လက်မှတ်နှင့် တိုက်ခန်းသော့များဒုတိယအကြိမ် လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါအိမ်ရာ၌ ပြုလုပ်သည်။

ဦးစွာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်စွာလင်းက အိမ်ရာနေထိုင်ခွင့် လက်မှတ်လွှဲပြောင်း ပေးအပ်ခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် အိမ်ရာတွင် နေထိုင်ကြသည့် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်စုစုပေါင်း ၁၁၂ဦးတို့အတွက် အိမ်ရာနေထိုင်ခွင့် လက်မှတ်၊ တိုက်ခန်းသော့များနှင့် စားသောက်ဖွယ်ရာများကို တိုင်းမှူးက ပေးအပ်ရာ ကိုယ်စားလှယ် တစ်ဦးစီက လက်ခံရယူ ကြသည်။

ဆက်လက်၍ တိုင်းမှူး၊ တပ်နယ်မှူးနှင့် တိုင်းဒေသကြီးစစ်မှု ထမ်းဟောင်းကြီးကြပ်ရေး အဖွဲ့(စည်ပင်အတွင်း) ဥက္ကဋ္ဌတို့က အိမ်ရာဖွင့်ပွဲမုခ်ဦး၌ ဖွင့်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးသည်။ ယင်းနောက် တိုင်းမှူးနှင့်အဖွဲ့ ဝင်များသည် အိမ်ရာအတွင်း ခင်းကျင်း ပြီးစီးမှုများကို လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး အိမ်ရာတွင် နေထိုင်ကြမည့် မိသားစုများကို ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...