Social Icons

Pages

Wednesday, September 19, 2018

မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ BIMSTEC အဖွဲ့ဝင်နိုင်ငံများ၏ တပ်မတော်များအကြား ပြုလုပ်သည့် MILEX-2018 ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်




နေပြည်တော် ၁၉-၉-၂၀၁၈

အိန္ဒိယသမ္မတနိုင်ငံသို့ ရောက်ရှိနေသည့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော မြန်မာ့ တပ်မတော်ကိုယ်စားလှယ် အဖွဲ့သည် BIMSTEC အဖွဲ့ဝင်နိုင်ငံများ၏ တပ်မတော်များ အကြားပြုလုပ်သည့် MILEX-2018 ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ရန်အတွက် စက်တင်ဘာ ၁၆ ရက်ဒေသစံတော်ချိန် နံနက် ၈ နာရီတွင် တည်းခိုရာဟိုတယ်မှ မော်တော်ယာဉ်ဖြင့်ထွက်ခွာခဲ့ရာ ပူနေးလေတပ်စခန်းသို့ရောက်ရှိပြီး ထိုမှတစ်ဆင့် ရဟတ်ယာဉ်ဖြင့် ဆက်လက်ထွက်ခွာခဲ့ရာ MILEX-2018 ကျင်းပပြုလုပ်လျက်ရှိသည့် အမှတ်(၃၃၀)ခြေလျင်တပ်မဟာဌာနချုပ်သို့ ရောက်ရှိသည်။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့အား အိန္ဒိယကြည်းတပ်ဦးစီးချုပ် General Bipin Rawat ၊ အိန္ဒိယကြည်းတပ်၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး General Officer Commanding- in- Chief of Southern Command of Indian Army ဖြစ်သူ Lieutenant General Dewan Rabindranath Soni တို့က ကြိုဆိုခဲ့ကြပြီး ပထမဦးစွာ လေ့ကျင့်ရေးတာဝန်ခံတစ်ဦးမှ MILEX-2018 ၏အစိတ်အပိုင်းတစ်ရပ်ဖြစ်သည့် Exercise Tiger Strike နှင့်ပတ်သက်၍ ရှင်းလင်း တင်ပြသည်။ ယင်းနောက် လေ့ကျင့်ရေးတပ်ဖွဲ့ဝင်များ၏ သရုပ်ပြလေ့ကျင့်မှုများအား လေ့လာ ကြည့်ရှုခဲ့ကြသည်။

ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယနိုင်ငံ၊ ကာကွယ်ရေးဆိုင်ရာသုသေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (Defence Research and Development Organization -DRDO) နှင့် ကုမ္ပဏီများက ခင်းကျင်း ပြသထားသည့် စစ်လက်နက်ပစ္စည်းများနှင့် ကာကွယ်ရေးဆိုင်ရာကိရိယာများအား ကြည့်ရှုလေ့လာခဲ့ပြီး အိန္ဒိယနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး Dr. Subhash Bhamare ၊ BIMSTEC အမြဲတမ်း အတွင်းရေးမှူးရုံး၏ အထွေထွေအတွင်းရေးမှူးချုပ် (Secretary-General) Mr. Sumith Narkandala၊ BIMSTEC အဖွဲ့ဝင်နိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်တို့နှင့်အတူ အမှတ်တရစုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သောမြန်မာ့တပ်မတော်ကိုယ်စားလှယ် အဖွဲ့သည် MILEX-2018 ပိတ်ပွဲအထိမ်းအမှတ်စစ်ရေးပြအခမ်းအနားသို့ တက်ရောက် ခဲ့ပြီး လေ့ကျင့်ခန်းတွင်ပါဝင်သည့် BIMSTEC တပ်ဖွဲ့ဝင်အချို့အား တွေ့ဆုံအားပေးမှုများပြုလုပ်ကာ မြန်မာ့တပ်မတော်မှ လေ့ကျင့်ရေး တပ်ဖွဲ့ဝင် အရာရှိ၊ စစ်သည်များနှင့် လေ့ကျင့်ခန်းသို့ တက်ရောက်အားပေးသည့် အိန္ဒိယနိုင်ငံ၊ National Defence Academy တွင် တက်ရောက်သင်ကြားလျက်ရှိသော မြန်မာ့တပ်မတော်မှ ဗိုလ်လောင်း ၂ ဦး တို့အား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ နှုတ်ဆက်စကားပြောကြားသည်။

MILEX-2018 စစ်ဘက်ဆိုင်ရာလေ့ကျင့်ခန်းသို့ BIMSTEC အဖွဲ့ဝင်နိုင်ငံများ ဖြစ်ကြသည့် ဘူတန် နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ မြန်မာနိုင်ငံနှင့်အိန္ဒိယ နိုင်ငံတပ်မတော်များမှ တပ်ဖွဲ့ဝင်များနှင့် လေ့လာသူများစေလွှတ်ပါဝင်ဆင်နွှဲခဲ့ပြီး ထိုင်းဘုရင့်ကြည်းတပ်နှင့် နီပေါနိုင်ငံတို့မှ လေ့လာသူများ စေလွှတ်ခဲ့ကြောင်း သိရှိရသည်။

ထို့နောက် နေ့လယ်ပိုင်းတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီးသည် အိန္ဒိယကြည်းတပ်၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး General Officer Commanding- in- Chief of Southern Command of Indian Army ဖြစ်သူ Lieutenant General Dewan Rabindranath Soni နှင့်ဇနီးတို့က ၎င်းတို့နေအိမ် Polo Vista ၌ တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ ပါဝင်တက်ရောက်ခဲ့ပြီး ညနေပိုင်းတွင် ပူနေးမြို့၌ သင်တန်းတက်ရောက်လျက်ရှိသော မြန်မာ့တပ်မတော်မှ သင်တန်းသား များအား တွေ့ဆုံကာ သင်ကြားနေသည့်သင်ခန်းစာများအပေါ် သိရှိနားလည်ကျွမ်းကျင်ပြီး မိမိနိုင်ငံနှင့်တပ်မတော် အတွက်အကျိုးရှိစွာ ပြန်လည်အသုံးချနိုင်ရေးစနစ်တကျတတ်မြောက်အောင် ကြိုးပမ်း သင်ယူလေ့ကျင့်ရန်မှာကြား၍ အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...