Social Icons

Pages

Thursday, August 9, 2018

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ကျင်းပပြုလုပ်သည့် International Army Games-2018 ပြိုင်ပွဲသို့ မြန်မာ့တပ်မတော်မှ တပ်ဖွဲ့ဝင်များ ပထမအကြိမ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်


မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့ Tank Biathlon တင့်ကားမောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲတွင် 
ဝင်ရောက်ယှဉ်ပြိုင်စဉ်။

မြန်မာ့တပ်မတော်ဆေးတပ်ဖွဲ့ ယှဉ်ပြိုင်နေမှုကိုတွေ့ရစဉ်။

မြန်မာ့တပ်မတော်ဆေးတပ်ဖွဲ့ ယှဉ်ပြိုင်နေမှုကိုတွေ့ရစဉ်။

မြန်မာ့တပ်မတော် လက်ဖြောင့်သေနတ်ပစ်တပ်ဖွဲ့ လက်ဖြောင့်သေနတ်ပစ်ခတ်ခြင်းပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နေမှုကိုတွေ့ရစဉ်။

မြန်မာ့တပ်မတော်ယဉ်ကျေးမှုအဖွဲ့ ဦးရွှေရိုး၊ ဒေါ်မိုးအကတို့ဖြင့် ဝင်ရောက်ယှဉ်ပြိုင်နေမှုကို တွေ့ရစဉ်။

နေပြည်တော် ၉-၈-၂ဝ၁၈

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Army General Sergei Shoigu ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ဇူလိုင် ၂၈ ရက်မှ သြဂုတ် ၁၁ ရက်အထိ ကျင်းပပြုလုပ်သည့် International Army Games-2018 ပြိုင်ပွဲသို့ မြန်မာ့တပ်မတော်မှ တင့်တပ်ဖွဲ့၊ ဆေးတပ်ဖွဲ့နှင့် လက်ဖြောင့်သေနတ်ပစ်တပ်ဖွဲ့တို့မှ ၀င်ရောက်ယှဉ်ပြိုင် လျက်ရှိကြပြီး ယင်းပြိုင်ပွဲနှင့် ဆက်စပ်ပြိုင်ပွဲတစ်ရပ်အဖြစ် မြန်မာ့တပ်မတော်မှ ယဉ်ကျေးမှု အဖွဲ့ကလည်း ပါဝင်ယှဉ်ပြိုင်လျက်ရှိသည်။

International Army Games-2018 ပြိုင်ပွဲကို နိုင်ငံတကာစစ်ဘက် အဖွဲ့အစည်း များ၏ နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ကမ္ဘာ့ရေးရာကိစ္စရပ်များတွင် အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရန်နှင့် စစ်ဘက်တပ်ဖွဲ့ ၀င်များအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြှင့် ရရှိစေရန်ရည်ရွယ် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ယခင်က ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် Army Games အဖြစ် နှစ်စဉ်ကျင်းပပြုလုပ် လျက်ရှိရာမှ၂၀၁၅ ခုနှစ်မှ စတင်ကာ နိုင်ငံတကာမှ တပ်ဖွဲ့ဝင်အသီးသီးကို ဖိတ်ခေါ် ပါဝင်ယှဉ်ပြိုင်စေခဲ့ခြင်းဖြစ်သည်။ ယခုနှစ်တွင် နိုင်ငံပေါင်း ၃၃ နိုင်ငံတို့ဖြင့် ပြိုင်ပွဲအမျိုးအစား ၂၈ မျိုးကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ အဇာဘိုင်ဂျန်နိုင်ငံ၊ အာမေးနီးယားနိုင်ငံ၊ ဘီလာရုစ်နိုင်ငံ၊ အီရန်နိုင်ငံ၊ ကာဇက်စတန်နိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့တွင် ပြိုင်ပွဲအမျိုးအစားများအလိုက် လက်ခံကျင်းပ ပြုလုပ်လျက်ရှိပြီး မြန်မာနိုင်ငံအပါအ၀င် အယ်လ်ဂျီးရီးယားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ ဆူဒန်နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ တပ်ဖွဲ့ဝင်များအနေဖြင့် ပထမဆုံးအကြိမ် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါပြိုင်ပွဲ၌ မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့အနေဖြင့် ဇူလိုင် ၂၈ ရက်မှ သြဂုတ် ၁၁ ရက်အထိ ကျင်းပသည့် Tank Biathlon တင့်ကားမောင်းနှင်ပစ်ခတ်ခြင်း ပြိုင်ပွဲသို့ အဖွဲ့ဝင် ၂၁ ဦးတိြု့ဖင့် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကာ ပြိုင်ပွဲဝင်နိုင်ငံ ၂၂ နိုင်ငံ ယှဉ်ပြိုင်ကြသည့်အနက် နိုင်ငံအလိုက်အဆင့် ၁၆ နေရာတွင် ရပ်တည်နိုင်ခဲ့သည်။ ၎င်းပြိုင်ပွဲ၌ နိုင်ငံအလိုက်အဆင့် ၁ မှ အဆင့် ၁၁ အထိ ရပ်တည် လျက်ရှိသည့် နိုင်ငံများသာ လက်ဆင့်ကမ်းပြိုင်ပွဲအား ဆက်လက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။

မြန်မာ့တပ်မတော် ဆေးတပ်ဖွဲ့အနေဖြင့် ဇူလိုင် ၃၀ ရက်မှ သြဂုတ် ၉ ရက်အထိ ကျင်းပ သည့်Pistol နှင့် AK 74 M မောင်းပြန်ရိုင်ဖယ် ပစ်ခတ်စဉ်ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး တစ်ဦးချင်းစွမ်းရည်ပြိုင်ပွဲ အမျိုးသား/အမျိုးသမီး အထူးစွမ်းရည်ပြိုင်ပွဲ၊ ယာဉ်မောင်း စွမ်းရည်ပြိုင်ပွဲ၊ ဆေးမှူးအမျိုးသား/အမျိုးသမီးအရေးပေါ်ဆေးရုံပြိုင်ပွဲနှင့် အမျိုးသား/အမျိုးသမီး အဖွဲ့လိုက်စွမ်းရည်ပြိုင်ပွဲ၊ စုစုပေါင်းပြိုင်ပွဲအမျိုးအစား ၁၀ မျိုးသို့ ဆေးမှူး၊ သူနာပြုနှင့် ယာဉ်မောင်းအဖွဲ့ဝင် ၁၇ ဦးတို့ဖြင့် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကာ ပြိုင်ပွဲဝင်နိုင်ငံ ၉ နိုင်ငံ၊ ပြိုင်ပွဲဝင်အသင်း ၁၀ သင်း ယှဉ်ပြိုင်ကြသည့်အနက် နိုင်ငံအလိုက်အဆင့် ၆ နေရာတွင် ရပ်တည်နိုင်ခဲ့သည်။ ထို့ပြင် ဆေးမှူးအမျိုးသား/ အမျိုးသမီး အရေးပေါ်ဆေးရုံပြိုင်ပွဲတို့တွင် မြန်မာ့တပ်မတော်ဆေးတပ်ဖွဲ့မှ အမျိုးသားဆေးမှူး ဗိုလ် မင်းမြင့်ကျော်ဇော က နိုင်ငံအလိုက်အဆင့် ၄ နေရာနှင့် အမျိုးသမီးဆေးမှူး ဗိုလ်ဖွေမွန်မျိုး က အဆင့် ၅ နေရာ တို့တွင် အသီးသီးရပ်တည်နိုင်ခဲ့ကြောင်း သိရှိရသည်။

မြန်မာ့တပ်မတော် လက်ဖြောင့်သေနတ်ပစ်တပ်ဖွဲ့အနေဖြင့်ဇူလိုင် ၂၉ ရက်မှ သြဂုတ် ၁၁ ရက်အထိ ကျင်းပသည့် လက်ဖြောင့်သေနတ်ပစ်ခတ်ခြင်းပြိုင်ပွဲသို့ အဖွဲ့ဝင် ၉ ဦးဖြင့် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကာ ပြိုင်ပွဲ ပွဲစဉ် ၃ မျိုးရှိသည့်အနက် ပြိုင်ပွဲဝင်နိုင်ငံ ၁၈ နိုင်ငံဝင်ရောက် ယှဉ်ပြိုင်ကြပြီး ပွဲစဉ်(၁) ပစ်ခတ်စဉ်၌ နိုင်ငံအလိုက် အဆင့် ၁၁ နေရာ တွင် ရပ်တည်နိုင်ခဲ့သည်။ ၎င်းပြိုင်ပွဲတွင် အဆင့် ၁ မှ အဆင့် ၈ ထိရရှိသည့် အသင်းများမှာ ပွဲစဉ် ၂ ပြိုင်ပွဲအား ဆက်လက်ယှဉ်ပြိုင် ရမည်ဖြစ်ပြီး ပွဲစဉ် ၂ တွင်အဆင့် ၁ မှ အဆင့် ၄ ထိရရှိသည့်အသင်းများမှာ ပွဲစဉ်(၃) ပြိုင်ပွဲအား ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် International Army Games-2018 ပြိုင်ပွဲ၏ ဆက်စပ်ပြိုင်ပွဲတစ်ရပ်အဖြစ် သြဂုတ် ၁ ရက်မှ ၁၂ ရက်အထိ Creative Competition ပြိုင်ပွဲ၊ House of Friendship ပြိုင်ပွဲနှင့် Tea Ceremony ပြပွဲတို့အား ပြုလုပ်သွား မည်ဖြစ်ကာ မြန်မာ့တပ်မတော်မှ ယဉ်ကျေးမှု အဖွဲ့အနေဖြင့် Creative Competition ပြိုင်ပွဲသို့ အဖွဲ့ဝင် ၂ ဦးတို့က ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပွဲစဉ်(၃)ခု ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်ကာ ပြိုင်ပွဲဝင်နိုင်ငံ ၆ နိုင်ငံတို့က မိမိတို့နိုင်ငံအလိုက် တူရိယာပစ္စည်းများ၊ သီချင်းများ၊ အကများဖြင့် ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ၎င်းပြိုင်ပွဲ၌ မြန်မာ့တပ်မတော် ယဉ်ကျေးမှုအဖွဲ့အနေဖြင့် ပွဲစဉ်(၁)ပြိုင်ပွဲ၌ "သက်ဝေ" သီချင်းကို မြန်မာ့တူရိယာစောင်းဖြင့် သီဆိုတီးခတ်ခြင်း၊ ဦးရွှေရိုး၊ ဒေါ်မိုးအကတို့ဖြင့် လည်းကောင်း၊ ပွဲစဉ်(၂)ပြိုင်ပွဲ၌ တူနှစ်သွယ်နှစ်ပါးသွားအက၊ မြို့သားနှင့် တောသူသီချင်း တို့ဖြင့်လည်းကောင်း၊ ပွဲစဉ်(၃)ပြိုင်ပွဲ၌ "မြန်မာ့စိတ်ရင်း၊ မြန်မာ့ရှုခင်း"သီချင်းကို မြန်မာ့ တူရိယာစောင်းဖြင့် လက်စွမ်းပြတီးခတ်ခြင်း၊ "ကာကျူးရှာ"ရုရှားတေးသီချင်းတို့ဖြင့် လည်းကောင်း ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပွဲစဉ် (၁) ယှဉ်ပြိုင်မှုအပြီးတွင် နိုင်ငံအလိုက် အဆင့် ၂ နေရာတွင် ရပ်တည်လျက်ရှိကြောင်း သိရှိရသည်။

မြန်မာ့တပ်မတော်တပ်ဖွဲ့ဝင်များအနေဖြင့် ပြိုင်ပွဲအမျိုးအစားအလိုက် မဆုတ်မနစ် သော ဇွဲလုံ့လများဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြကာ ပထမအကြိမ်ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သော်လည်း ရလဒ်ကောင်းတစ်ခုတွင် ရပ်တည်နိုင်ခဲ့ပြီး နိုင်ငံတကာ စစ်ဘက်အဖွဲ့အစည်း များ၏ ပြိုင်ပွဲယှဉ်ပြိုင်မှုအတွေ့အကြုံများ၊ နည်းပညာပိုင်းဆိုင်ရာအတွေ့အကြုံများနှင့် ချစ်ကြည်ရင်းနှီးမှုများရရှိခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...