Social Icons

Pages

Wednesday, August 15, 2018

ဘိန်းအမျှင်ခြောက် (ခတ်ပုံ) နှင့် သိုလှောင်ထားသော အမိုနီယမ်နိုက်ထရိတ်များ ဖမ်းဆီးရမိ



မိုးညှင်း ၁၅-၈-၂ဝ၁၈

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာ ပြည်ထောင်စု လမ်းမကြီးဘေး နေအိမ်ခြံဝင်း အတွင်း၌ သတင်းအရရှာဖွေရာမှ ဘိန်းအမျှင်ခြောက် (ခတ်ပုံ) နှင့် သိုလှောင်ထားသော အမိုနီယမ် နိုက်ထရိတ်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မိုးညှင်းခရိုင် မှုခင်းနှိမ်နင်းရေး ဌာနစိတ်မှ ရဲအုပ်စိုးဝင်း ဦးစီးသောအဖွဲ့၊ မော်ဟန်ရဲကင်းစခန်းမှူး ရဲအုပ်ကျော်ညွန့်ဝင်း အဖွဲ့နှင့် သက်သေများပါဝင်သော ပူးပေါင်းအဖွဲ့တို့သည် သြဂုတ် ၁၃ ရက် ည ၇နာရီ ၁ဝ မိနစ်ခန့်က မိုးညှင်းခရိုင် ရဲတပ်ဖွဲ့မှူး၏ မူးယစ်ဆေးဝါး ရှာဖွေဖမ်းဆီး ခွင့်ဝရမ်း (၆၁/၂ဝ၁၈) ဖြင့် မော်ဟန်ရွာ ပြည်ထောင်စု ကားလမ်းဘေးရှိ ဦးဖြိုးဝေနေအိမ် ခြံဝင်းအတွင်းသို့ ဝင်ရောက်ရှာဖွေ ခဲ့သည်။

ထိုသို့ဝင်ရောက်ရှာဖွေရာ နေအိမ်ဧည့်ခန်း အတွင်း၌ ဖြိုးဝေ (ခ) ဖြိုးဝေပိုနှင့် ဝင်းဦးတို့နှစ်ဦးကို အသင့်တွေ့ရှိရပြီး ဧည့်ခန်းမဆောင် အတွင်းခေါင်တိုင်တွင် ချိတ်ဆွဲထားသည့် လက်ဆွဲအိတ်အတွင်း ဘိန်းဟုယူဆ ရသော အညိုရောင် အစေး(ဘိန်းမည်း) အရည်ဖြင့် သပွတ်အူအခြောက်နှင့် ရောစပ်ထားသည့် ဒေသအခေါ်ခတ်ပုံ နှစ်ဂရမ်ခန့်ပါ တစ်ထုပ်နှင့် တစ်ဂရမ်ခန့်ပါ တစ်ထုပ် စုစုပေါင်း သုံးဂရမ်နှင့် ဘိန်းရှူရန် အသုံးပြုသည့် ဝါးတော်ပါဘူးအကြီးတစ်လုံးတို့ကို တွေ့ရပြီး ဆက်လက်ရှာဖွေရာ နေအိမ်နှင့် ကပ်လျက် ဆီပီပါအခွံများကြား သိုလှောင်ထားသော အဖြူရောင်ပီနံ အိတ်ဖြင့်ထည့်လျက် အမိုနီယမ် နိုက်ထရိတ်အိတ်များ၊ နေအိမ်အနောက်ဘက် ကားဘော်ဒီ အိမ်ဟောင်းအတွင်း သိုဝှက်ထားသော တရုတ်စာတန်းပါ အမိုနီယမ် နိုက်ထရိတ်အိတ်များ တစ်အိတ်လျှင် ၄ဝကီလို ဂရမ်ခန့်ပါ အမိုနီယမ်နိုက်ထရိတ် အိတ် စုစုပေါင်း ၄၃၈အိတ်၊ ဆီပီပါခွံအတွင်းထည့်လျက် အမိုနီယမ်နိုက်ထရိတ် တစ်ပီပါလျှင် ၁၂ဝ ကီလိုဂရမ်ခန့်ပါ ပီပါ ၁၇လုံးတို့ကို ရှာဖွေတွေ့ရှိသဖြင့် သက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့် ရေးသွင်း သိမ်းဆည်းခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဖြိုးဝေ (ခ) ဖြိုးဝေပို (ဘ) ဦးပို နတ်ကြီးကုန်းရပ်ကွက် မော်ဟန်ကျေးရွာ မိုးညှင်းမြို့နေသူနှင့် ဝင်းဦး (ဘ) ဦးအောင်ကြည် နတ်ကြီးကုန်းရပ် မော်ဟန်ကျေးရွာ မိုးညှင်းမြို့နယ် နေသူတို့ကို မိုးညှင်းမြို့မ ရဲစခန်းကမယ (ပ)၁၃၇/၂ဝ၁၈၊ မူး/စိတ်ပုဒ်မ-၁၆(ဂ)/၂၁ဖြင့်လည်းကောင်း၊ (ပ)၂ဝ၂/၂ဝ၁၈၊ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ-၃၇/၃၈ဖြင့်လည်းကောင်း အမှုဖွင့် ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...