Social Icons

Pages

Thursday, August 16, 2018

လက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ (မူကြမ်း) ကို လုပ်ငန်းရှင်များ၏ အကြံပြုချက်နှင့်အတူ ပြည်သူ့လွှတ်တော်သို့ တင်ပြသွားမည်



မန္တလေး ၁၆-၈-၂ဝ၁၈

မန္တလေးတိုင်း ဒေသကြီး အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပန်းဆယ်မျိုးအပါအဝင် လက်မှုလုပ်ငန်းများ တိမ်ကောပပျောက်မှု မရှိစေရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်မှုလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေး ဥပဒေ (မူကြမ်း)ကို လုပ်ငန်းရှင်များ၏ အကြံပြုချက်များနှင့်အတူ ပြည်သူ့လွှတ်တော်သို့ တင်ပြသွားမည် ဖြစ်ကြောင်း အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန (မန္တလေး)မှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

အဆိုပါ လက်မှုလုပ်ငန်းများ ဖွံ့ ဖြိုးတိုးတက်ရေး ဥပဒေ (မူကြမ်း) ကို တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပန်းဆယ်မျိုး လုပ်ငန်းရှင်များ၏ အကြံပြုချက်များနှင့် အတူနေပြည်တော် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနသို့ တင်ပြထားပြီး ၎င်းမှတစ်ဆင့် ဥပဒေ (မူကြမ်း) အတည် ဖြစ်စေရန် ပြည်သူ့လွှတ်တော်သို့ ဆက်လက်တင်ပြ သွားမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် လက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ဖြစ်စေရန်နှင့် ပန်းဆယ်မျိုးအပါအဝင် လက်မှုလုပ်ငန်းများ တိမ်ကောပပျောက်မှု မရှိစေရေး ထိန်းသိမ်းဆောင်ရွက်နိုင်ရန် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မည် ဖြစ်ကြောင်း၊ လက်မှုပစ္စည်း ထုတ်ကုန်များကို ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်များသို့ ထိုးဖောက်ဝင်ရောက်နိုင်မည် ဖြစ်ပြီး လက်မှုပညာများတိုးတက် ပြန့်ပွားလာစေရေးကို အထောက်အကူပြုမည် ဖြစ်ကြောင်း သိရသည်။

"အခုလိုဥပဒေမူကြမ်း ပြုလုပ်ရတာကလဲ လက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ပြီး ပြည်ပဈေးကွက်ကို ဖော်ဆောင်နိုင်ဖို့ ဖြစ်ပါတယ်။ အခုမူကြမ်းကလဲ မန္တလေးတိုင်း ဒေသကြီးအပါအဝင် တခြားတိုင်းဒေသကြီး၊ ပြည်နယ်တွေက လုပ်ငန်းရှင်တွေရဲ့ အကြံပြုတင်ပြချက်တွေကို နေပြည်တော် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနကို တင်ပြထားပါတယ်"ဟု ၎င်းကပြောပြသည်။

မြန်မာ့လက်မှု ထည်ပစ္စည်းများကို ပြည်တွင်းသာမက ပြည်ပဈေးကွက်များသို့ ထိုးဖောက်နိုင်ရေး အတွက် နည်းပညာအသစ်များ အသုံးပြု၍ လက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ပေးခြင်းဖြင့် လက်မှုပညာရှင် အချင်းချင်းပူးပေါင်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ပြည်တွင်း၊ ပြည်ပချေးငွေများနှင့် ပံ့ပိုးမှုများရရှိရေးကို ညှိနှိုင်းဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ ထိုအတူ အရည်အသွေးမပြည့်မီသော လက်မှုထည်များကို အရည်အသွေးပြည့်မီလာစေရန်၊ ခေတ်မမီသော လက်မှုထည်များကို ခေတ်မီဖွံ့ဖြိုးတိုး တက်စေရန်နှင့် လက်မှုထည်ဖွံ့ဖြိုး တိုးတက်ရေးကို ထိန်းသိမ်းနိုင်မည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...