Social Icons

Pages

Friday, August 31, 2018

မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ သယ်ဆောင်လာသူများအား ဖမ်းဆီးရမိ





နေပြည်တော် ၃၁-၈-၂ဝ၁၈

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ နမ့်ပေါ်ကျေးရွာအနီး၌ တပ်မတော်သားများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မော်တော်ယာဉ်များအား ရှာဖွေစစ်ဆေးစဉ် သြဂုတ် ၂၉ ရက် ည ၁၁ နာရီခွဲခန့်တွင် မူဆယ်ဘက်မှ ကွတ်ခိုင်ဘက်သို့ ရဲမင်း(ဘ) ဦးသန်းညွန့်မောင်းနှင်၍ စိုင်းမြင့်ဦး(ဘ) ဦးအောင်ပန်း လိုက်ပါလာသည့် Nissan အမျိုးအစား လိုင်စင်မဲ့ ၁၂ ဘီးယာဉ်တစ်စီး၊ ဝေဖြိုးကျော်(ဘ) ဦးဝင်းထွေး မောင်းနှင်၍ သန်းဝင်းထွန်း(ဘ)ဦးအာဖျံကွေး လိုက်ပါလာသည့် ဟီးနိုးအမျိုးအစားလိုင်စင်မဲ့ ၁၂ ဘီးယာဉ်တစ်စီးနှင့် သီဟ(ဘ)ဦးစန်းလွင် မောင်းနှင်၍ အောင်သိုက်(ဘ) ဦးထွန်းသိန်း လိုက်ပါလာသည့် ဟီးနိုးအမျိုးအစား မော်တော်ယာဉ်အမှတ်၊ YGN-2E/-----ပါ ၁၂ ဘီး ယာဉ်တစ်စီးတို့ပေါ်မှ အီသိုင်းအီသာအက်စစ်များ ထည့်ထားသည့် သံပီပါ ၁၂၅ လုံး၊ ကဖင်းများ ထည့်ထားသည့် ဆာလာအိတ် ၁ဝ၅ အိတ်၊ ဟိုက်ဒရိုကလိုရစ်အက်စစ်များ ထည့်ထားသည့် ဂါလန် ၅ဝ ဆံ့ ပလတ်စတစ်ပီပါ ၅ဝ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ 

အဆိုပါမူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသူများအား တရားဥပဒေအရ အမှုဖွင့်အရေးယူ ဆောင်ရွက်နိုင်ရန် မူဆယ်မြို့မ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်း ရရှိသည်။ 

# မြဝတီနေ့စဉ်သတင်းစာ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...