Social Icons

Pages

Monday, July 16, 2018

တရားမဝင် ဘင်္ဂါလီလူမျိုး ၁၅ ဦးကို ပုသိမ်မုံရွာကားလမ်းဘေး တောအတွင်းမှ ဖမ်းဆီးရမိ



မင်းလှ ၁၆-၇-၂ဝ၁၈

မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်အတွင်း ပုသိမ်-မုံရွာကားလမ်းနှင့် နှစ်မိုင်ခန့်အကွာ တောအတွင်းမှ ယနေ့တွင် ဘင်္ဂါလီလူမျိုး ၁၂ ဦးကို နံနက် ၁ဝနာရီ မိနစ် ၃ဝ တွင် ဖမ်းဆီးရမိခဲ့ပြီး အလားတူညနေ ၄ နာရီ ၅မိနစ်တွင် ဘင်္ဂါလီလူမျိုး သုံးဦးကို ထပ်မံဖမ်းဆီး ရမိခဲ့ရာ စုစုပေါင်း တရားမဝင်ဘင်္ဂါလီ လူမျိုး ၁၅ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း မင်းလှမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

မင်းလှမြို့နယ် ရေနံမအပိုင် နယ်မြေအတွင်း တရားမဝင်ဘင်္ဂါလီ လူမျိုးများ ရောက်ရှိနေကြောင်း သတင်းအရ မင်းလှမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူး တင်အောင်လင်း ညွှန်ကြားမှုဖြင့် ယနေ့ နံနက် ၆နာရီခန့်တွင် ရေနံမနယ်မြေ စခန်းမှူး ရဲအုပ်မျိုးမင်းထွန်း၊ ရှမ်းတပ်ရဲကင်းမှ ရဲအုပ်သက်နိုင်ဦးနှင့် ရွှေချောင်းရဲကင်းမှူး ဒုတိယရဲအုပ် တင်အောင်ဆန်းတို့ ဦးစီးအဖွဲ့က ပုသိမ်-မုံရွာ ကားလမ်းပေါ်တွင် ရပ်ကင်း၊ဝပ်ကင်း၊လှည့်ကင်းများ ဆောင်ရွက်နေစဉ် နံနက် ၁ဝနာရီ မိနစ် ၃ဝခန့်တွင် ဘန့်ပြင်ကျေးရွာအရှေ့ဘက် သုံးမိုင်ခန့် ပုသိမ်-မုံရွာကား လမ်းမိုင်တိုင် (၂၃၆/၃)မိုင်အနီး အနောက်ဘက် နှစ်မိုင်ခန့်အကွာ တောထဲတွင် နေဇာ(ဘ)ဦးလေဒူ၊ ပေါင်းတုတ်ကျေးရွာ မြောက်ဦးမြို့ နယ်နေသူပါ ဘင်္ဂါလီလူမျိုး အမျိုးသား ၁၂ဦးကို တွေ့ရှိဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့သည် ရန်ကုန်မြို့သို့ သွားရောက် အလုပ်လုပ်ကိုင် ရန်အတွက် လွန်ခဲ့သော ၂၂ရက်ခန့်က ရခိုင်ပြည်နယ်ဘက်မှ လာရောက်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရသည်။

ထို့ပြင် မင်းလှမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးတင်အောင်လင်း၏ ညွှန်ကြားချက်ဖြင့် ရွှေချောင်းရဲကင်းမှူး ဒုတိယရဲအုပ် တင်အောင်ဆန်း ဦးစီးအဖွဲ့က တောနင်းရှာဖွေခဲ့ရာ ပုသိမ်မုံရွာကားလမ်း မိုင်တိုင် (၂၃၆/၃) မိုင်အနီး အနောက်ဘက် နှစ်မိုင်ခန့်အကွာ တောတွင်းမှ ဘမောင်ချေ (ဘ) ဦးဘိုတီရာ၊ ပေါင်တုတ်ကျေးရွာ မြောက်ဦးမြို့နယ်နေသူပါ အမျိုးသားသုံးဦးကို ထပ်မံရှာဖွေ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိခဲ့သော တရားမဝင် ခိုးဝင်လာသည့် ဘင်္ဂါလီလူမျိုး ၁၅ ဦးကို မင်းလှမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ ခေါ်ဆောင်လာကာ ပူးပေါင်းအဖွဲ့က စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...