Social Icons

Pages

Wednesday, June 20, 2018

ငွေကျပ် ၅၈၈ သိန်နးတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ



မံစီ ၂ဝ-၆-၂ဝ၁၈

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်အတွင်း မူးယစ်ဆေးဝါး သတင်းအရ ကျေးရွာချင်း ဆက်လမ်းတွင် ကြိုတင်စောင့်ဆိုင်းနေရာမှ ငွေကျပ် ၅၈၈ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ သယ်ဆောင် လာသူတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဗန်းမော်ခရိုင် မှုခင်းနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်မှ ရဲအုပ်မြင့်ထူးနှင့် တပ်ဖွဲ့ဝင်များက ဇွန်၁၈ရက် နံနက် ၁၁ နာရီက နယ်မြေခံရဲတပ်ဖွဲ့ဝင် များနှင့်အတူ မူးယစ်ဆေးဝါး သတင်းအရ ဟန်ထက်ကျေးရွာနှင့် မန်သာကျေးရွာကြား မိုင်တိုင် အမှတ်(၁၉/၆)နှင့် (၁၉/၇)ကြားတွင် ကြိုတင်စောင့်ဆိုင်း နေစဉ်မန်သာကျေးရွာမှ ဟန်ထက်ကျေးရွာသို့ မာတူး မောင်းနှင်လာသည့် KENBO-125 ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာ ၎င်းလွယ်ထားသည့် ခရီးဆောင်အိတ် အတွင်းရှိ ရောင်စုံဆပ်ပြာခွက် ၂၂ခွက် အတွင်းမှ ကာလတန်ဖိုးငွေကျပ် ၁၉၈ သိန်းရှိ ဘိန်းဖြူအမှုန့် အလေးချိန် ၁၉၈ ဂရမ်နှင့် အပြာရောင် ကပ်ခွာအိတ် ၁ဝဝ အိတ်အတွင်းမှ ကာလတန်ဖိုးငွေကျပ် သိန်း၃၉ဝ ရှိ WY စာတန်းပါ စိတ်ကြွဆေးပြား ၁၉၅ဝဝ တို့ကို ရှာဖွေတွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရှိသူမာတူး မိုးမောက်မြို့နေသူကို မံစီမြို့မရဲစခန်းက မယ(ပ)၁၈/၂ဝ၁၈၊ မူး/စိတ်ပုဒ်မ-၁၉(က)ဖြင့် အမှုဖွင့်ဆောင်ရွက်လျက် ရှိကြောင်းသတင်း ရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...