Social Icons

Pages

Tuesday, May 22, 2018

ရှမ်းပြည်နယ်သို့ လမ်းပန်းဆက်သွယ်မှုလွယ်ကူစွာ သွားလာနိုင်၍ ပြည်တွင်း၊ပြည်ပ ခရီးသွားဧည့်သည် ၁၀သိန်းကျော် လာရောက်လည်ပတ်ခဲ့



ရန်ကုန် ၂၂-၅-၂ဝ၁၈

ရှမ်းပြည်နယ်သို့ ခရီးလမ်းပန်း ဆက်သွယ်မှုများ အဆင်ပြေလွယ်ကူ စွာသွားလာနိုင်၍ ၂ဝ၁၇ခုနှစ်တွင် ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည် ၁ဝသိန်းကျော် လာရောက်လည်ပတ်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် ခရီးသွားလုပ်ငန်း သတင်းများအရ သိရသည်။

ရှမ်းပြည်နယ် ဒေသသည် တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်းဟူ၍ ကျယ်ပြန့်စွာရှိ နေသည့်အပြင် သာယာလှပသော တောတောင်ရေမြေ သဘာဝများစွာ ရှိနေသည်။ တောင်ကြီးဒေသရှိ အင်းလေးကန်၊ လာရှိုးရေပူစမ်း၊ ပင်းတယဂူ၊ ဂုတ်ထိပ်တံတား စသည့်နေရာဌာနများမှာ ပြည်တွင်း၊ပြည်ပခရီးသွား လောကတွင် ထင်ရှားသည့်ခရီးစဉ် များဖြစ်နေသကဲ့သို့ အခြားသော ထင်ရှားသည့်နေရာ ဌာနများလည်း ရှိနေသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ လမ်းတံတားကဏ္ဍများမှာ သိသာထင်ရှားစွာ ဖွံ့ဖြိုးတိုးတက် လာနေသဖြင့် ရှမ်းပြည်နယ်ဒေသရှိ တောင်ကြီး၊ အင်းလေး၊ ကလော၊ လားရှိုး၊ သီပေါ၊ကျောက်မဲ၊ တာချီလိတ်၊ ပင်းတယစသည့်ရှမ်းပြည်နယ် ၏ထင်ရှားသော နေရာဌာနများသို့ ကားလမ်းခရီး၊ လမ်းပန်းဆက်သွယ်မှုများ မှာလည်းအဆင်ပြေ ချောမွေ့လာခဲ့သည်။

ရန်ကုန်၊ မန္တလေး၊ ပုဂံမှလေကြောင်း ခရီးဖြင့် ဟဲဟိုးလေဆိပ်မှ တစ်ဆင့်တောင်ကြီး၊ အင်းလေး၊ ကလောနှင့် ပင်းတယဒေသများသို့ သွားရောက်လည်ပတ် နိုင်ပြီဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဟဲဟိုး၊ တာချီလိတ်၊ ကျိုင်းတုံလေကြောင်း ခရီးစဉ်များ လည်းရှိနေပြီး တာချီလိတ်နယ်စပ် ဝင်ပေါက်မှတစ်ဆင့် နယ်စပ်ဖြတ်ကျော် ခရီးစဉ်များနှင့် နိုင်ငံတကာ ခရီးသွားများ အဆက်မပြတ်လာရောက် လည်ပတ် နေခဲ့ကြသည်။

ထို့ကြောင့် ရှမ်းပြည်နယ်သို့ ပြည်တွင်း၊ ပြည်ပခရီးသွား လာရောက်လည်ပတ်မှုမှာ ၂ဝ၁၇ခုနှစ်ခရီးသွား ရာသီတွင် ၁ဝ၅ဝ၃၂၉ဦး လာရောက် လည်ပတ်ခဲ့ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...