Social Icons

Pages

Wednesday, May 23, 2018

ပြည်ပသတင်းမီဒီယာများ ပါဝင်သည့် သတင်းအဖွဲ့ မောင်တောဒေသ၌ သတင်းရယူ


ပြည်ပသတင်းမီဒီယာများ ပါဝင်သည့် သတင်းမီဒီယာအဖွဲ့ လှဖိုးခေါင်ပြန်လည်လက်ခံရေး စခန်း
အတွင်းသတင်းရယူစဉ်။

ပြည်ပသတင်းမီဒီယာများ ပါဝင်သည့် သတင်းမီဒီယာအဖွဲ့ မောင်တောမြို့ ကညင်တန်းဈေးအတွင်း 
သတင်းရယူစဉ်။

မောင်တော ၂၃-၅-၂ဝ၁၈

ပြည်ပသတင်းမီဒီယာများ ပါဝင်သည့် သတင်းမီဒီယာ အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့မှ အမြန်ရေယာဉ်ဖြင့် ရသေ့တောင်မြို့နယ် အငူမော် ဆိပ်ကမ်းသို့ ရောက်ရှိကြသည်။သတင်းမီဒီယာ အဖွဲ့သည် မော်တော်ယာဉ်များဖြင့် အင်းဒင်ကျေးရွာသို့ ရောက်ရှိပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံမေးမြန်း သတင်းရယူ ကြသည်။ထို့နောက် သတင်းအဖွဲ့သည် မောင်တောမြို့နယ် ကိုင်းကြီး (မြို) ရွာသို့ ရောက်ရှိပြီး ကျေးရွာတာဝန်ခံ ဦးစံထွန်းနှင့် တွေ့ဆုံကာ ကိုင်းကြီးကျေးရွာ အကြမ်းဖက် တိုက်ခိုက်ခံရမှု၊ ကိုင်းကြီး(မြို) ကျေးရွာသစ် တည်ဆောက်ပြီးစီးမှု၊ စားနပ်ရိက္ခာ အခြေအနေတို့ကို တွေ့ဆုံမေးမြန်း သတင်းရယူ ကြသည်။

ယင်းနောက် သတင်းအဖွဲ့သည် မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမသို့ ရောက်ရှိပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်နှင့် တွေ့ဆုံသည်။ထိုသို့တွေ့ဆုံစဉ် ခရိုင်အုပ်ချုပ်ရေးမှူးက မောင်တောဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ဆိုင်ရာ ကိစ္စရပ်များ၊ မောင်တောဒေသ ပြန်လည်ထူထောင်ရေး ဆိုင်ရာများ၊ ၂ဝ၁၆ခုနှစ် မောင်တောဒေသအတွင်း ARSA အစွန်းရောက် အကြမ်းဖက် အဖွဲ့၏ အကြမ်းဖက် တိုက်ခိုက်ခဲ့မှုနှင့် အကြမ်းဖက် သတ်ဖြတ်ခံရမှုများ၊ ARSA အစွန်းရောက် အကြမ်းဖက်အဖွဲ့၏ ၂ဝ၁၇ခုနှစ် သြဂုတ်လအတွင်း အကြမ်းဖက်မှုများ၊ အဆိုပါ အကြမ်းဖက် အဖွဲ့များကို တရားဥပဒေနှင့် အညီ တန်ပြန် ဆောင်ရွက်ခဲ့မှုများ၊ ဒေသတွင်း စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာ ဖူလုံရေး ဆောင်ရွက်ထားရှိမှုများ၊ မောင်တောဒေသမှ နေရပ်စွန့်ခွာ သူများကို ပြန်လည်လက်ခံ ရေးနှင့်ပြန်လည် ထူထောင်ရေးဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းပြောကြားရာ သတင်းအဖွဲ့က သိရှိလိုသည်များ မေးမြန်းကြသည်။

ယင်းနောက် သတင်းအဖွဲ့သည် မော်တော်ယာဉ်များဖြင့် လှဖိုးခေါင်ကြား စခန်းသို့ရောက် ရှိကြသည်။
လှဖိုးခေါင် ကျားစခန်းတွင် စီမံကိန်းတာဝန်ခံ ဦးတင်စိုးက စခန်းတည်ဆောက် ထားရှိမှု၊ မောင်တောဒေသမှ နေရပ်စွန့်ခွာ သူများကို စခန်းအတွင်းပြန်လည် လက်ခံနိုင်ရန် အသင့်ပြင်ဆင် ဆောက်ရွက် ပြီးစီးမှုနှင့် ဆောင်ရွက်လျက် ရှိသည့် အခြေအနေများ ရှင်းလင်းပြောကြားရာ သတင်းအဖွဲ့က သိရှိလိုသည် များမေးမြန်း
ကြပြီး စခန်းအတွင်း လှည့်လည်သတင်းရယူ ကြသည်။

ဆက်လက်၍ သတင်းအဖွဲ့သည် မောင်တောမြို့နယ် ပန်းတောပြင်ကျေးရွာ သို့ရောက်ရှိပြီး ပန်းတောပြင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအန်နိုဝါနှင့်တွေ့ဆုံ၍ ပန်းတောပြင် ကျေးရွာအတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုဖြစ်စဉ်များ၊ နေရပ်စွန့်ခွာသူများ၏ အခြေအနေ၊ ကျေးရွာသစ် တည်ဆောက်ထားရှိမှု၊ NV Card ဆိုင်ရာများ၊ အကြမ်းဖက် ဖြစ်စဉ်အတွင်း ပန်းတောပြင်ကျေးရွာ မီးလောင်ကျွမ်းမှုနှင့် ပန်းတောပြင်ကျေးရွာ၏ လူမှုစီးပွား အခြေအနေများကို မေးမြန်းသတင်း ရယူကြသည်။

ထို့နောက် သတင်းအဖွဲ့သည် မောင်တောမြို့ ကညင်တန်းဈေးသို့ ရောက်ရှိကြပြီး နှစ်ဖက်အသိုက် အဝန်းများအကြား အတူတကွ နေထိုင်သွားလာလှုပ်ရှားမှု အခြေအနေများကို တွေ့ဆုံမေးမြန်း သတင်းရယူခဲ့
ကြကြောင်းသတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...