Social Icons

Pages

Thursday, May 10, 2018

ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ဘတ်စ်ကား မှတ်တိုင်များကို အမိုးအကာများဖြင့် အဆင့်မြှင့်တင်ရန် စီမံလျက်ရှိ



ရန်ကုန် ၁၀-၅-၂ဝ၁၈

ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ဘတ်စ်ကား မှတ်တိုင်များကို အမိုးအကာများဖြင့် အဆင့်မြှင့်တင်ရန် စီမံဆောင်ရွက် လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဒေါ်နီလာ ကျော်က ပြောသည်။

ကားမှတ်တိုင်များ အဆင့်မြှင့်တင် တည်ဆောက်ရန် ဘုရင့်နောင်လမ်း၊ လှိုင်မြစ်လမ်း၊ လမ်းသစ်လမ်း၊ ပြည်လမ်း၊ ရှစ်မိုင်၊ ကမ္ဘာအေးဘုရားလမ်း၊ ပါရမီလမ်း၊ သံသုမာလမ်း၊ ကမ်းနားလမ်း ဧရိယာအတွင်းရှိ မှတ်တိုင် ၅ဝဝ ကို အဆင့်မြှင့်တင်ရန် FMI-DECAUX ကုမ္ပဏီက တင်ဒါအောင်မြင် ထားကြောင်း သိရသည်။

''ရန်ကုန်မြို့တွင်းမှာရှိတဲ့ ကားမှတ်တိုင် အတော်များများက အမိုးအကာ၊ နားနေဖို့ ထိုင်စရာအခက်အခဲ တွေရှိပါတယ်။ ဒါကြောင့် ပလက်ဖောင်းတွေရဲ့ အကျယ်အဝန်းနဲ့ မှတ်တိုင်လုပ်ပေးရမယ့် နေရာအကျယ်အဝန်း တွေကို လေ့လာစိစစ်ပြီး အဆင့်မြှင့်တင်ဖို့ စီမံဆောင်ရွက်သွားပါမယ်'' ဟု ဝန်ကြီးဒေါ်နီလာကျော်က ပြောသည်။

ထို့ပြင် ရန်ကုန်မြို့တွင် မှတ်တိုင်၌ မရပ်သည့် ခရီးသည်တင်ယာဉ်များ၊ ကားမှတ်တိုင်တွင် ဝင်ရောက်ရပ်နားသော Taxi များနှင့် ကိုယ်ပိုင်ယာဉ်များကို ထိရောက်စွာ အရေးယူမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...