Social Icons

Pages

Thursday, March 22, 2018

(၇၃) နှစ်မြောက် တပ်မတော်နေ့ ဂုဏ်ပြုအလှူငွေများ ပေးအပ်လှူဒါန်း


ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦး (၇၃)နှစ်မြောက် တပ်မတော်နေ့ ဂုဏ်ပြုအလှူငွေများ ပေးအပ်လှူဒါန်းပွဲအခမ်းအနား တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်စဉ်။

(၇၃) နှစ်မြောက် တပ်မတော်နေ့ ဂုဏ်ပြုအလှူငွေများပေးအပ်လှူဒါန်းရာ တာဝန်ရှိသူတစ်ဦးက 
လက်ခံရယူစဉ်။

နေပြည်တော် ၂၂-၃-၂ဝ၁၈

(၇၃) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စေတနာရှင် အလှူရှင်များက ဂုဏ်ပြုအလှူငွေများ ပေးအပ်လှူဒါန်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ တပ်မတော်နေ့ ကျင်းပရေးဦးစီး ကော်မတီဥက္ကဋ္ဌ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ တပ်မတော်နေ့ စစ်ရေးပြမှူးကြီး ဗိုလ်မှူးချုပ်အောင်အောင်နှင့် စစ်ကြောင်းမှူးများ၊ အလှူရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ အလှူရှင်များဖြစ်ကြသော ဒုတိယဗိုလ်ချုပ်ကြီးဝေလွင် (ငြိမ်း) မှ ငွေကျပ် ၂၅ သိန်းတန်ဖိုးရှိ သားနှင့်အတူ မိုင်ပေါင်းကုဋေစာအုပ် အုပ် ၁ဝဝဝ အား လည်းကောင်း၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၏ မိတ်ဖက်ကုမ္ပဏီ ၁၅၃ခု၊ International Gateways Co.,ltd၊ မြဝတီဘဏ်လီမိတက်၊ နန်းသဇင်ထရေးဒင်း လီမိတက်၊ Victory Myanmar GroupCo.,ltd၊ Trident Marine Co.,ltd၊ Miya Win International ltd.၊ Max Myanmar Co.,ltd၊ Chan Hein Co.,ltd၊ လိုတိုင်းရတောင်းတိုင်းရ ကုမ္ပဏီလီမိတက်၊ IBTC Co.,ltd၊ ခေတ်သစ်ဦး ကုမ္ပဏီလီမိတက်၊ Authentic Co.,ltd၊ မြင့်တက်ကုမ္ပဏီ လီမိတက်၊ Sky One Co.,ltd၊ ဓနထွန်းကုမ္ပဏီ လီမိတက်၊ ဒဂုံဝင်းဝင်း ကုမ္ပဏီလီမိတက်၊ King Royal Technologies Co.,ltd၊ Star Sapphire Trading Co.,ltd၊ Giga Trading Co.,ltd၊ နောင်တုံကုမ္ပဏီ၊ အောင်ချမ်းသာကုမ္ပဏီ၊ အရုဏ်ဦးကုမ္ပဏီ၊ ခန့်ရွှေပြည်ကျောက်မျက် ရတနာကုမ္ပဏီ လီမိတက်နှင့် စာရေးဆရာမတင်ရီမ (ညောင်ဦး) တို့ပါဝင်သော စုစုပေါင်းကုမ္ပဏီ ၃၉ဝခုနှင့် အလှူရှင်များမှ ဂုဏ်ပြုအလှူငွေ စုစုပေါင်းငွေကျပ် ၇၃၆၇ သိန်း ကျော်အား လည်းကောင်းပေးအပ် လှူဒါန်းကြရာ တပ်မတော်နေ့ ကျင်းပရေးဦးစီး ကော်မတီဥက္ကဋ္ဌ တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ကြသည်။

ထို့နောက် အလှူရှင်များ ကိုယ်စားအလှူရှင်တစ်ဦးက လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်အေးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။

ဂုဏ်ပြုအလှူငွေ ပေးအပ်လှူဒါန်းပွဲ အပြီးတွင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦးက တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...