Social Icons

Pages

Thursday, February 22, 2018

ရန်ကုန်မြို့၌ ဂျပန်နည်းပညာသုံး ခေတ်မီနိုင်လွန် ကတ္တရာစက်ရုံ ဖွင့်လှစ်



ရန်ကုန် ၂၂-၂-၂ဝ၁၈

မြန်မာ-ဂျပန် အကျိုးတူလုပ်ကိုင် လျက်ရှိသည့် Asia Myanmar WKK ဖက်စပ်ကုမ္ပဏီမှ ဂျပန်နည်းပညာသုံး ခေတ်မီနိုင်လွန် ကတ္တရာစက်ရုံ ဖွင့်ပွဲအခမ်းအနားကို ယနေ့တွင် ရန်ကုန်မြို့ ပြည်လမ်းရှိ နိုဗိုတယ် ဟိုတယ်၌ ကျင်းပသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ လမ်းများကို ပြန်လည်ပြုပြင်ရန် အစီအစဉ်များရှိပြီး လမ်းနံဘေးရှိ ကေဘယ်လ်ကြိုးများ၊ ရေပေးဝေရေး ပိုက်လိုင်းများ၊ ဂက်စ်ပိုက်လိုင်းများ ထည့်ပြီး ရန်ကုန်မြို့ပေါ်ရှိ လမ်းအားလုံးကို Network တစ်ခုအဖြစ် ပြန်လည်တည်ဆောက်ရန် စီစဉ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယင်းအစီအစဉ်များ ဆောင်ရွက်နိုင်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေကို ပြုပြင်ပြောင်းလဲရေးများ ဆောင်ရွက်လျက်ရှိပြီး ယင်းဥပဒေနှင့်အညီ Infrastructure ကုမ္ပဏီတစ်ခု ထူထောင်နိုင်ရန် ပြင်ဆင်လျက် ရှိကြောင်းနှင့် ပြင်ဆင်ဆောင်ရွက်ရာတွင် လမ်းများ၏ အရည်အသွေးကို မြှင့်တင်ရန် ဂျပန်နိုင်ငံ၏ နည်းပညာသည် လိုအပ်ချက်တစ်ခု ဖြစ်လာကြောင်း သိရသည်။

ဂျပန်နည်းပညာသုံး ခေတ်မီနိုင်လွန် ကတ္တရာ စက်ရုံဖြစ်သည့် Asia Myanmar WKK ကုမ္ပဏီက မြန်မာနိုင်ငံမှ Asia Myanmar Consortium Development ကုမ္ပဏီနှင့် ဂျပန်နိုင်ငံမှ World Kaihatsu Kogyo ကုမ္ပဏီတို့ ပူးပေါင်းထားသော ဖက်စပ်ကုမ္ပဏီ တစ်ခုဖြစ်ပြီး သီလဝါအထူးစီးပွားရေး ဇုန်အတွင်းတည်ရှိကာ ယင်းစက်ရုံမှ ပြည်တွင်းရှိ လမ်းပိုင်းများ တည်ဆောက်ခြင်းနှင့် နိုင်လွန်ကတ္တရာ ထုတ်လုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...