Social Icons

Pages

Tuesday, February 6, 2018

မန္တလေး ဗန်ကောက်စတိုင် ညဈေးတန်းကြီးကို မနော်ရမ္မံလူထု ဟစ်တိုင်ကွင်း၌ တတိယအကြိမ် ဖွင့်လှစ်သွားမည်



မန္တလေး ၆-၂-၂ဝ၁၈

မန္တလေး ဗန်ကောက်စတိုင် ညဈေးတန်းကြီးကို မနော်ရမ္မံလူထု ဟစ်တိုင်ကွင်း၌ တတိယအကြိမ်ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မန္တလေးဗန်ကောက်စတိုင် ညဈေးတန်းကြီးကို ဆိုင်ခန်းပေါင်း ၇ဝ ကျော်ဖြင့် မန္တလေးမြို့၌ တတိယအကြိမ် ဖွင့်လှစ်မည် ဖြစ်ပြီးမတ် ၁ ရက်မှ ၄ ရက်ထိ ဆိုင်ခန်းများကို ယာယီဖွင့်လှစ် သွားမည်ဖြစ်ကာ ညနေ ၄ နာရီမှည ၁ဝ နာရီထိ အစားအစားမျိုးစုံကို ဈေးနှုန်းသင့်လျော်စွာဖြင့် စားသောက်နိုင်ရန်အတွက် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

''ဒီညဈေးတန်းကြီးကို ပထမအကြိမ်နဲ့ ဒုတိယအကြိမ်ဖွင့်လှစ် တုန်းကတော့ မန္တလေးက ဧည့်သည်တွေတော်တော်များများ လာရောက်ကြပါတယ်။ အခုတစ်ခေါက်ဖွင့်လှစ် တဲ့အကြိမ်လဲ ဧည့်သည့်တွေတော်တော်များများ လာမယ်လို့ မျှော်မှန်းထားပါတယ်။ ပြီးတော့ လာရောက်လည်ပတ်မယ့် ဧည့်သည်တွေ စိတ်ချမ်းသာစွာ လည်ပတ်နိုင်ဖို့ လုံခြုံရေးတွေကို အပြည့်အဝချထား ပေးသွားမှာဖြစ်ပါတယ်'' ဟု ၎င်းက ပြောပြသည်။

မန္တလေးဗန်ကောက်စတိုင် ညဈေးတန်းကြီးကို ဗန်ကောက်မြို့တွင်ရှိသည့် ညဈေးတန်းကြီးအတိုင်း ဒီဇိုင်းပုံစံများဖြင့် ပြင်ဆင်မှုများ ပြုလုပ်သွားမည့်အပြင် ဈေးတန်းကြီး ဖွင့်လှစ်သည့် အချိန်ကာလသည် နွေရာသီ ကျောင်းပိတ်ရက် ဖြစ်သည့်အတွက် ကလေးများအတွက် အပန်းဖြေရန် ကလေးကစားကွင်းငယ် Fun Zone နှင့် ကျန်းမာရေးနှင့် ညီညွတ်သည့် အစားအစားများကိုသာ ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

''အခုဖွင့်လှစ်တာက မန္တလေးမှာဆိုရင် တတိယအကြိမ်မြောက် ဖြစ်ပါတယ်။ ဒီပွဲလေးမှာတော့ ဗန်ကောက်က နာမည်ကြီး အစားအသောက်တွေနဲ့ ထိုင်းနိုင်ငံထုတ် အစားအသောက် အရောင်းဆိုင်တွေအပြင် ပြည်တွင်းက နာမည်ကြီးတဲ့ အစားအသောက်တွေ၊ အဝတ်အထည်နဲ့ လက်မှုပစ္စည်း အသစ်တွေကိုလဲ ရောင်းချပေးသွား မှာဖြစ်ပါတယ်''ဟု မန္တလေးဗန်ကောက်စတိုင် ညဈေးတန်းကြီးမှ ပွဲစီစဉ်သူက ပြောပြသည်။

မန္တလေးဗန်ကောက်စတိုင် ညဈေးတန်းကြီးသို့ လာရောက်လည်ပတ်မည့် ဧည့်သည်များကို Acoustic တီးဝိုင်းဖျော်ဖြေမှုများနှင့် နာမည်ကြီးအဆိုတော် များလည်း ဖျော်ဖြေမှုများ ပေးသွားမည်ဖြစ်ပြီး အလှဓာတ်ပုံများ ရိုက်ကူးနိုင်ရန် အတွက် ခရစ္စမတ်အပြင်အဆင် များဖြင့် Photo Booth များကိုလည်း ပြင်ဆင်ပေးထားကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...