Social Icons

Pages

Friday, February 16, 2018

ရန်ကုန်မြို့ရှိ ဗိုလ်တထောင် ကျိုက်ဒေးအပ် စေတီတော်၏ ထီးတော်အသစ်ကို ယခုနှစ် ဧပြီ ၂၉ရက်တွင် တင်လှူပူဇော်မည်



ရန်ကုန် ၁၆-၂-၂ဝ၁၈

ရန်ကုန်မြို့ရှိ ဗိုလ်တထောင် ကျိုက်ဒေးအပ်စေတီတော်၏ ထီးတော်အသစ်ကို ယခုနှစ် ဧပြီ ၂၉ ရက်တွင် တင်လှူပူဇော်မည် ဖြစ်ကြောင်း ဗိုလ်တထောင် စေတီတော် ဂေါပကအဖွဲ့၏ သတင်းများ အရသိရသည်။

ရန်ကုန်မြို့ ဗိုလ်တထောင် မြို့နယ်တွင် တည်ထားကိုးကွယ် ထားသည့် ဗိုလ်တထောင် ကျိုက်ဒေးအပ် စေတီတော်မြတ်ကြီးသည် ရွှေတိဂုံစေတီတော် မြတ်ကြီးကဲ့သို့ပင် ထင်ရှားသည့် စေတီတော်မြတ်ကြီး တစ်ဆူဖြစ်၍ နေ့စဉ်နှင့်အမျှ ပြည်တွင်း၊ပြည်ပ ဘုရားဖူးများဖြင့် စည်ကားနေသည့် စေတီတော်မြတ်ကြီး တစ်ဆူဖြစ်သည်။ ဗိုလ်တထောင် စေတီတော်ကြီးကို လွန်ခဲ့သည့် နှစ်ပေါင်း ၂၆ဝဝ ခန့်က တည်ထားခဲ့ခြင်း ဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်းတွင် ဗုံးဒဏ်သင့်ခဲ့သဖြင့် လွတ်လပ်ရေးရရှိခဲ့သည့် ၁၉၄၈ ခုနှစ်တွင် ပြန်လည်တည်ထားခဲ့ပြီး ၂ဝဝ၁ ခုနှစ်တွင်လည်း ဘက်စုံမွမ်းမံမှုများ ဆောင်ရွက်ခဲ့သည်။ စေတီတော်ကြီး၏ ထီးတော်ကို ၂ဝဝ၆ခုနှစ်တွင် နောက်ဆုံးတင်လှူ ပူဇော်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယခုအခါ ဗိုလ်တထောင် ကျိုက်ဒေးအပ် စေတီတော်ကြီးကို ပြင်ဆင်ထိန်းသိမ်းမှုများ လိုအပ်လာခဲ့သောကြောင့် စေတီတော်ကြီး၏ ကိုယ်လုံးတော်ကို ပြန်လည်ပြင်ဆင်ရန်နှင့် စိန်ဖူးတော်၊ ထီးတော်နှင့် ငှက်မြတ်နားတော်များကိုလည်း ရေရှည်ခိုင်ခံ့စေရန်အတွက် ထီးတော်အသစ် ဆက်ကပ်တင်လှူပူဇော်ရန် စီမံဆောင်ရွက် ခဲ့ခြင်းဖြစ်သည်။

အသစ်တင်လှူ ပူဇော်မည့် စိန်ဖူးတော်၊ ထီးတော်နှင့် ငှက်မြတ်နားတော်များကို ရဟန်းရှင်လူ ပြည်သူအများ ဖူးမြော်ကြည်ညိုနိုင်ရန် အတွက် ဖေဖော်ဝါရီ ၁၁ ရက်က စေတီတော်ကြီး ပရိဝုဏ်အတွင်းရှိ နန်းဦးတန်ဆောင်းတွင် ပင့်ဆောင်ပူဇော်ထားရှိကာ ထီးတော်အသစ်ကို ယခုနှစ် ဧပြီ ၂၉ ရက်တွင် တင်လှူပူဇော်မည် ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...