Social Icons

Pages

Wednesday, February 7, 2018

ရေတာရှည်မြို့နယ် ဆွာမြို့အထွက် ရန်ကုန်-မန္တလေး ကားလမ်းရှိ ပြုပြင်ဆဲတံတားပေါ်မှ ၂၂ ဘီး ဆီဘောက်ဆာ ယာဉ်တစ်စီး အရှိန်လွန် ပြုတ်ကျ



ရေတာရှည် ၇-၂-၂ဝ၁၈

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ဆွာမြို့တောင်ဘက် အထွက် ရန်ကုန်-မန္တလေးကားလမ်းဟောင်း မိုင်တိုင်အမှတ် (၂ဝဝ/၁) နှင့် (၂ဝဝ/၂) ကြားရှိ ပြုပြင် တည်ဆောက်ဆဲ တံတားပေါ်မှ ယနေ့နံနက် ၅ နာရီခန့်က ၂၂ ဘီးဆီဘောက်ဆာ ယာဉ်တစ်စီး အရှိန်လွန်ကာ ပြုတ်ကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဆွာနယ်မြေရဲစခန်းမှ တာဝန်မှူး ဒုတိယရဲအုပ် ထွန်းထွန်းလင်း ဦးစီးအဖွဲ့သည် အခင်းဖြစ်ပွားသည့် နေရာသို့ရောက်ရှိ ချိန်တွင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့မှာ တိမ်းရှောင်ထွက်ပြေး သွားပြီဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဆွာနယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ-၂၇၉/၂ဝ၂ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ရန်ကုန်-မန္တလေး ကားလမ်းဟောင်းကို နှစ်လမ်းသွားမှ လေးလမ်းသွားအဖြစ် ချဲ့ထွင်ဆောင်ရွက်လျက် ရာယာဉ်သွားလမ်းတံတားများ ပြုပြင်သည့် လုပ်ငန်းခွင်များ၌ ညပိုင်းမောင်းနှင်သော ယာဉ်များ အန္တရာယ်ကင်းရှင်းစေရန် ရောင်ပြန် အချက်ပြများ၊ သတိပေးဆိုင်းဘုတ်များ တပ်ဆင် ပြသထားသင့်ကြောင်း ဒေသခံကားသမားများက ပြောပြ၍ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...