Social Icons

Pages

Monday, December 11, 2017

ဒီဇင်ဘာ အားကစားလ (ဒုတိယပတ်) စုပေါင်း လမ်းလျှောက်ပွဲများ ကျင်းပပြုလုပ်


နေပြည်တော်တိုင်းစစ်ဌာနချုပ် ပုဗ္ဗသီရိတပ်နယ်၏ စုပေါင်းလမ်းလျှောက်ပွဲ ကျင်းပစဉ်။

ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) ရုံး/ဌာနများ၏ စုပေါင်းလမ်းလျှောက်ပွဲ ကျင်းပစဉ်။

တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တောင်ငူတပ်နယ်၏ စုပေါင်းလမ်းလျှောက်ပွဲ ကျင်းပစဉ်။

နေပြည်တော် ၁၁-၁၂-၂၀၁၇

၂ဝ၁၇ ခုနှစ်၊ ဒီဇင်ဘာ အားကစားလ (ဒုတိယပတ်) စုပေါင်း လမ်းလျှောက်ပွဲများကို ယနေ့ နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အသီးသီးရှိ တပ်နယ်များ၌ ကျင်းပပြုလုပ်ကြသည်။

ထိုသို့ စုပေါင်းလမ်းလျှောက်ပွဲများ ကျင်းပပြုလုပ်ရာတွင် နေပြည်တော်တိုင်း စစ်ဌာနချုပ် ပုဗ္ဗသီရိတပ်နယ်၏ စုပေါင်းလမ်းလျှောက်ပွဲကို နယ်မြေခံ တပ်အားကစားကွင်း၌ လည်းကောင်း၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် မြစ်ကြီးနား တပ်နယ်၏ စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းစစ်ဌာနချုပ် အားကစားကွင်း၌ လည်းကောင်း၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လားရှိုးတပ်နယ်၏ စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းစစ်ဌာနချုပ် အားကစားကွင်း၌ လည်းကောင်း၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တောင်ကြီးတပ်နယ်၏ စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းစစ်ဌာနချုပ် အားကစားကွင်း၌ လည်းကောင်း၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ခိုလမ်တပ်နယ်၏ စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းစစ် ဌာနချုပ် အားကစားကွင်း၌လည်းကောင်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် မော်လမြိုင်တပ်နယ်၏ စုပေါင်းလမ်းလျှောက်ပွဲကို ရွှေနတ်တောင်အားကစားကွင်း၌ လည်းကောင်း၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် မြိတ်တပ်နယ် ၏စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းစစ်ဌာနချုပ် အားကစားကွင်း၌လည်းကောင်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်၏ စုပေါင်းလမ်းလျှောက်ပွဲကို တပ်နယ်အသီးသီးရှိ အားကစားကွင်းများ၌ လည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာန ချုပ် ပုသိမ်တပ်နယ်၏ စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းစစ်ဌာနချုပ် သီရိဧရာ ဘောလုံးကွင်း၌လည်းကောင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အမ်းတပ်နယ်၏ စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းစစ်ဌာနချုပ် အားကစားကွင်း ၌လည်းကောင်း၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် မုံရွာတပ်နယ်၏ စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းစစ်ဌာနချုပ် အားကစားကွင်း၌ လည်းကောင်း၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် မန္တလေးတပ်နယ်၏ စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းစစ်ဌာနချုပ် ရန်အောင်မြင် ခန်းမရှေ့၌လည်းကောင်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တောင်ငူတပ်နယ်၏ စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းစစ်ဌာနချုပ် အေးချမ်းဖြိုး ခန်းမရှေ့၌ လည်းကောင်း အသီးသီးကျင်းပပြုလုပ်ကြရာ တိုင်းမှူးများ၊ တိုင်းစစ်ဌာနချုပ်မှ တပ်မတော် အရာရှိကြီးများ၊ တပ်ရင်း/တပ်ဖွဲ့မှူးများနှင့် အရာရှိ၊စစ်သည်၊ မိသားစုဝင်များ ပါဝင်ဆင်နွှဲကြပြီး သတ်မှတ်နေရာ များတွင် စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများ ဆောင်ရွက် ခဲ့ကြသည်။

အလားတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) ရုံး/ဌာနများ၏ ဒီဇင်ဘာ အားကစားလ (ဒုတိယပတ်) စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) စခန်းမှူးရုံး စခန်းမှူးနှင့် ရုံး/ဌာနများမှ အရာရှိ၊ စစ်သည်၊ မိသားစုများ ပါဝင်ဆင်နွှဲကြပြီး ကိုယ်လက် ကြံ့ခိုင်ရေးများ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...