Social Icons

Pages

Thursday, December 14, 2017

နိုင်ငံတကာ ခရီးသွားလာမှု ၂ဝ၁၆ခုနှစ်က ၂ ဒသမ၉သန်း ရှိခဲ့ပြီး ယခုနှစ် နိုင်ငံတကာခရီးသွား လာရောက်လည်ပတ်မှု ၃ ဒသမ ၅ သန်းပြည့်မီနိုင်



ရန်ကုန် ၁၄-၁၂-၂၀၁၇

မြန်မာနိုင်ငံသို့ နိုင်ငံတကာခရီးသွား လာရောက်မှုမှာ ၂ဝ၁၆ ခုနှစ်က ၂ ဒသမ ၉ သန်းရှိခဲ့ပြီး ယခုနှစ် အောက်တိုဘာလထိ ၂ ဒသမ ၈ သန်း ဝင်ရောက်လည်ပတ်ခဲ့၍ ယခုနှစ်နိုင်ငံတကာ ခရီးသွားလာရောက် လည်ပတ်မှု ၃ ဒသမ ၅ သန်းပြည့်မီနိုင်ကြောင်း ဟိုတယ်နှင့်ခရီးသွား လာရေး ဝန်ကြီးဌာနသတင်းများအရ သိရသည်။

ယခုနှစ်တွင် မြန်မာနိုင်ငံသို့ နိုင်ငံတကာခရီးသွား ဧည့်သည် ၃ ဒသမ ၅ သန်းလာရောက်လည်ပတ်ရန် ရည်မှန်းဆောင်ရွက် လျက်ရှိသည်။ ပြီးခဲ့သည့် ၂ဝ၁၆ခုနှစ်က မြန်မာနိုင်ငံသို့ နိုင်ငံတကာခရီးသွား ဧည့်သည်လာရောက် လည်ပတ်မှုမှာ ၂ ဒသမ ၉ သန်းရှိသည်။ အဆိုပါ ၂ ဒသမ၉သန်းမှာ ၂ဝ၁၆ခုနှစ် တစ်နှစ်လုံးလာရောက်လည် ပတ်ခဲ့သည့် နိုင်ငံတကာခရီးသွား ဧည့်သည် အရေအတွက်ဖြစ်သည်။ ယခုနှစ်တွင် အောက်တိုဘာထိ ၂ ဒသမ ၈ သန်းထိ လာရောက် လည်ပတ်ခဲ့ပြီး ကျန်နှစ်လဖြစ်သည့် နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့က ခရီးသွားအများဆုံး လာရောက်လည်ပတ်သည့် လများဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလအတွက် ခရီးသွားလာရောက် လည်ပတ်မှု စာရင်းချုပ်မသိ ရသေးသော်လည်း အပျော်စီးသင်္ဘောခရီးစဉ်၊ လေကြောင်းခရီးစဉ်နှင့် နယ်စပ်ဝင်ပေါက်များမှ အများအပြားလာရောက် လည်ပတ်ခဲ့သည်။ထို့အတူ ယခုဒီဇင်ဘာလ အတွင်းတွင်လည်း ခရီးစဉ်လမ်းကြောင်း အမျိုးမျိုးနှင့် အများအပြားလာရောက် လည်ပတ်နေကြဆဲဖြစ်သည်။ ထို့ကြောင့် ယခုနှစ်အတွက် လျာထားချက်ဖြစ်သည့် နိုင်ငံတကာခရီးသွား ဧည့်သည် လာရောက်လည်ပတ်မှု ၃ ဒသမ ၅ သန်း ပြည့်မီနိုင်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...