Social Icons

Pages

Tuesday, September 19, 2017

နေရပ်စွန့်ခွာပြောင်းရွှေ့ နေထိုင်လျက်ရှိသည့် တိုင်းရင်းသားပြည်သူများအား တပ်မတော်ရဟတ်ယာဉ်၊ မော်တော်ယာဉ်များဖြင့် ထောက်ပံ့ပစ္စည်းများ လိုက်လံပို့ဆောင်၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်


တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများနှင့် စေတနာရှင်အလှူရှင်များက လှူဒါန်းသည့် စားသောက်ဖွယ်ရာများနှင့် လူသုံးကုန်ပစ္စည်းများကို တပ်မတော်ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ပေးစဉ်။

တပ်မတော်နယ်လှည့်ဆေးကုသရေး အဖွဲ့က ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးစဉ်။

နေပြည်တော် ၁၉-၉-၂၀၁၇

ရခိုင်ပြည်နယ်အတွင်း ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှု လုပ်ရပ်များကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ဒေသခံတိုင်းရင်းသား ပြည်သူများအား တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင် အလှူရှင်များက လှူဒါန်းသည့် စားသောက်ဖွယ်ရာများနှင့် လူသုံးကုန်ပစ္စည်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက တပ်မတော်ရဟတ်ယာဉ်များ၊ မော်တော်ယာဉ်များဖြင့် လိုက်လံပို့ဆောင် ပေးလျက်ရှိရာ ယနေ့တွင် မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာရှိ ဒေသခံတိုင်းရင်းသား ပြည်သူ ၃၄ဝ ဦးနှင့်လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ ဗန္ဓုလကျေးရွာတို့ရှိ ဒေသခံတိုင်းရင်းသား ပြည်သူ ၁၉၆ ဦးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထံသို့ ထောက်ပံ့ပစ္စည်းများ လိုက်လံပို့ဆောင် ပေးသည်။

ထို့ပြင် အကြမ်းဖက်မှု လုပ်ရပ်များကြောင့် နေရပ်စွန့်ခွာ ပြောင်းရွှေ့နေထိုင်လျက်ရှိသည့် ဒေသခံတိုင်းရင်းသား ပြည်သူများအား တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့များက ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် မောင်တောမြို့၊ အမှတ်(၄)အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)ရှိ ဟိန္ဒူဘာသာဝင် ၄၅ ဦး၊ တောင်ပြိုဝဲ ကျေးရွာရှိ ဒေသခံတိုင်းရင်းသား ပြည်သူခုနစ်ဦး၊ ခမောင်းဆိပ် ကျေးရွာရှိ ဒေသခံ တိုင်းရင်းသားပြည်သူ ကိုးဦးနှင့် ဘူးသီးတောင်မြို့နယ်၊ တောင်ဘဇာ ကျေးရွာရှိ ဒေသခံတိုင်းရင်းသား ပြည်သူ ၁၁ ဦးတို့ကိုလိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...