Social Icons

Pages

Sunday, August 6, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ Shin-Osaka မြို့ရှိ Daihatsu မော်တော်ကားစက်ရုံသို့ သွားရောက် ကြည့်ရှုလေ့လာ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ Shin-Osaka မြို့ရှိ Daihatsu မော်တော်ကားစက်ရုံအတွင်း ကြည့်ရှုလေ့လာစဉ်။


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့  Shin-Osaka မြို့ရှိ Daihatsu  မော်တော်ကားစက်ရုံအတွင်း ကြည့်ရှုလေ့လာစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ Daihatsu မော်တော်ကားကုမ္ပဏီမှ တာဝန်ရှိသူများနှင့်အတူ မှတ်တရစုပေါင်းဓာတ်ပုံရိုက်စဉ်။

နေပြည်တော် ၆-၈-၂၀၁၇

ဂျပန်နိုင်ငံ၊ Tokyo မြို့တွင် အလုပ်သဘော ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ် ကြီးစိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ၊ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသူရိန်သန့်ဇင်၊ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ်စောမင်း၊ နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ Mr. Yohei SASAKAWA နှင့်တာဝန် ရှိသူ များလိုက်ပါပြီး ယနေ့ဒေသစံတော်ချိန် နံနက် ၈ နာရီခွဲတွင် Tokyo မြို့မှနေ၍ Shinkansen ကျည်ဆန်ရထားဖြင့် လိုက်ပါစီးနင်းခဲ့ကြပြီး Shin-Osaka မြို့သို့ ဒေသစံတော်ချိန်နံနက် ၁၁ နာရီတွင်ရောက်ရှိ ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား Senri Hankyu Hotel တွင် ဂျပန်-မြန်မာ အသင်းဥက္ကဋ္ဌ Mr. Hideo WATANABE ၊ Daihatsu မော်တော်ကား ကုမ္ပဏီ၏ဥက္ကဋ္ဌ  Mr. Masanori MITSUI နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး ဧည့်ခန်းမတွင် Daihatsu မော်တော်ကားကုမ္ပဏီ၏ဥက္ကဋ္ဌက မော်တော်ယာဉ်များအား ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနေမှု အခြေအနေများအား Powerpoint ဖြင့်ရှင်းလင်း ပြသသည်။ ယင်းနောက် ကုမ္ပဏီအမှုဆောင် အရာရှိချုပ်က နှုတ်ခွန်းဆက်စကား ပြောကြားသည်။ထို့နောက်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံသည်။

ဆက်လက်ပြီး မွန်းလွဲပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် Daihatsu မော်တော်ကားကုမ္ပဏီသို့ရောက်ရှိ လေ့လာကြရာ ကုမ္ပဏီဌာနချုပ်တွင် ကုမ္ပဏီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကုမ္ပဏီမှထုတ်လုပ် သည့် မော်တော်ယာဉ်များနှင့် Daihatsu မော်တော်ယာဉ်ကုမ္ပဏီစတင် တည်ထောင်ချိန်တွင် ထုတ်လုပ်ခဲ့သည့် သုံးဘီးဆိုင်ကယ်နှင့် မော်တော်ယာဉ်များအား လိုက်လံရှင်းလင်း ပြသကြရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သိရှိလိုသည်များအား မေးမြန်းဆွေးနွေးသည်။

ထို့နောက် မော်တော်ကားထုတ်လုပ်သည့် စက်ရုံသို့ရောက်ရှိကြပြီး ခေတ်မီစက်ကိရိယာများဖြင့် မော်တော်ကားများ တပ်ဆင်ထုတ်လုပ်နေမှု အဆင့်ဆင့်အား လိုက်လံကြည့်ရှုလေ့လာကြရာ ကုမ္ပဏီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် Daihatsu မော်တော်ယာဉ် ကုမ္ပဏီ ဥက္ကဋ္ဌတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

အဆိုပါ Daihatsu မော်တော်ကားကုမ္ပဏီသည် ၁၉၀၇ ခုနှစ်တွင် စတင်တည်ထောင် ခဲ့ခြင်းဖြစ်ပြီး ၁၉၆၃ ခုနှစ်တွင် Daihatsu Compahno မော်တော်ယာဉ်အား စတင်ထုတ်လုပ်နိုင်ခဲ့ကာ ၁၉၇၁ ခုနှစ်တွင် Daihatsu Dalta Truck ပထမဆုံးမျိုးဆက် မော်တော်ယာဉ်အား စတင်မိတ်ဆက်နိုင်ခဲ့သည်။ အဆိုပါ Daihatsu မော်တော်ကားကုမ္ပဏီမှ ကြံ့ခိုင်မှုကောင်းမွန်၍ ဆီစားနှုန်းသက်သာပြီး ဈေးနှုန်းချိုသာသော မော်တော်ယာဉ်များကို ထုတ်လုပ် လျက်ရှိပြီး ၂၀၁၁ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း ဥရောပဈေးကွက်သို့ မော်တော်ယာဉ်များ ဖြန့်ဖြူးရောင်းချနိုင်ခဲ့သည်။ ယခုအခါ တရုတ်နိုင်ငံ၊ မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှား နိုင်ငံတို့တွင်လည်း စက်ရုံများနှင့် ရုံးခွဲများဖွင့်လှစ်၍ မော်တော်ယာဉ်များ တပ်ဆင်ထုတ်လုပ် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီချုပ်နှင့်အဖွဲ့ဝင်များသည် Shin-Osaka မြို့မှ မော်တော်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာကြပြီး Kyoto မြို့ရှိ နိုင်ငံတော် ဧည့်ဂေဟာ (State Guest House) သို့ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက် ခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...