Social Icons

Pages

Monday, August 7, 2017

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Kyoto မြို့ရှိ နိုင်ငံတော် ဧည့်ဂေဟာနှင့် Kinkaku-ji (Golden Pavilion) ရွှေဘုရားကျောင်းအား ကြည့်ရှုလေ့လာ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဇနီးဒေါ်ကြူကြူလှနှင့်အဖွဲ့ဝင်များ Kinkaku-ji (Golden Pavilion) ရွှေဘုရားကျောင်း၌ စုပေါင်းဓာတ်ပုံရိုက်စဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Kyoto မြို့ရှိနိုင်ငံတော် ဧည့်ဂေဟာ (State Guest House) များ အုပ်ချုပ်ရေးမှူး Mr. Atsuhiko Bepu အား အမှတ်တရ လက်ဆောင်ပစ္စည်းပေးအပ်စဉ်။

နေပြည်တော် ၇-၈-၂၀၁၇

ဂျပန်နိုင်ငံ၊ Kyoto မြို့တွင် အလုပ်သဘော ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာသံအမတ်ကြီး ဦးသူရိန်သန့်ဇင်၊မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ်စောမင်း တို့လိုက်ပါပြီး ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်ဧည့်ဂေဟာ (State Guest House)အတွင်းလှည့်လည် ကြည့်ရှု လေ့လာသည်။

ဦးစွာတပ်မတော် ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်ဧည့်ဂေဟာ (State Guest House) ရှိ ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင် လက်မှတ်ရေးထိုးပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား နိုင်ငံတော် ဧည့်ဂေဟာများ အုပ်ချုပ်ရေးမှူး Mr. Atsuhiko Bepu က ဧည့်ဂေဟာအတွင်း ဂျပန်ရိုးရာ လက်မှုအနုပညာများဖြင့် လက်ရာမြောက် စနစ်တကျ တည်ဆောက်ထားမှု အခြေအနေများ၊ နိုင်ငံတော်အဆင့် ပုဂ္ဂိလ်များ အစည်းအဝေး ခန်းမနှင့် ဧည့်ခန်းများစနစ်တကျ တည်ဆောက်ထားမှု အခြေအနေများနှင့် သဘာဝပတ်ဝန်းကျင် တည်ဆောက်ထားမှု အခြေအနေများအား လိုက်လံရှင်းလင်း ပြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကနိုင်ငံတော် ဧည့်ဂေဟာများ အုပ်ချုပ်ရေးမှူးအား အမှတ်တရ လက်ဆောင်ပစ္စည်း ပေးအပ်သည်။ ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် Kinkaku-ji (Golden Pavilion) ရွှေဘုရားကျောင်းသို့ ဆက်လက်ထွက်ခွာကြရာ နိုင်ငံတော်ဧည့်ဂေဟာများ အုပ်ချုပ်ရေးမှူးနှင့် ၀န်ထမ်းများက နှုတ်ဆက်ခဲ့ကြသည်။အဆိုပါဧည့်ဂေဟာတွင် နိုင်ငံတကာအဆင့် ထိပ်သီးအစည်းအဝေးများ ပြုလုပ်ကျင်းပခြင်းနှင့် နိုင်ငံတော်အဆင့် အကြီးအကဲများနှင့် ဧည့်သည်တော်များ တည်းခိုနေထိုင်ရန် တည်ဆောက်ထားခြင်းဖြစ်ပြီး ဂျပန်ရိုးရာ အဆောက်အဦပုံစံ မပျက်စေဘဲ ခေတ်မီသောစနစ်များ တပ်ဆင်တည်ဆောက် ထားသည့် အဆောက်အဦ တစ်ခုဖြစ်ကြောင်း သိရှိရသည်။

၎င်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် Kinkaku-ji (Golden Pavilion) ရွှေဘုရားကျောင်းသို့ ရောက်ရှိကြပြီး လှည့်လည်ကြည့်ရှု လေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။

အဆိုပါ ဘုရားကျောင်းသည် Kyoto မြို့၏ မြောက်ပိုင်းတွင် အပေါ်ပိုင်း ဘုံ ၂ ဆင့်ဖြင့် တည်ဆောက်ထားသည့် ဇင်ဘုန်းတော်ကြီးကျောင်း ဖြစ်ပြီးဂျပန်စစ်သူကြီး Shogun Ashikaga Yoshimitsu ၏ အိမ်ဝန်းနေရာ ဖြစ်သည်။ ၁၄၀၈ ခုနှစ်တွင် အဆိုပါ စစ်သူကြီး သေဆုံးပြီးနောက် Rinzi ဂိုဏ်း၏ ဘုရားကျောင်းဖြစ်ပြီး မြေးဖြစ်သူ Ashikaga Yoshimasa တည်ဆောက်ခဲ့သော Ginkakuji (Silver Pavilion) ကြောင့် ထင်ရှားခဲ့ခြင်း ဖြစ်ကာ ဂျပန်ပြည်တွင်း စစ်အတွင်း မီးလောင်ကျွမ်းမှု ၂ကြိမ်အပါအ၀င် အကြိမ်ပေါင်းများစွာ မီးလောင်ပျက်စီးခဲ့ပြီး ယခုလက်ရှိပုံစံမှာ ၁၉၅၅ခုနှစ်တွင် အသစ်ပြန်လည် တည်ဆောက် ထားခြင်းဖြစ်ပြီး ကမ္ဘာလှည့်ခရီးသည်များ အဓိက လာရောက်လည်ပတ် သည့်နေရာများတွင် တစ်ခုအပါအ၀င် ဖြစ်ကြောင်း သိရှိရသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဒေသစံတော်ချိန် နေ့လယ်ပိုင်းတွင် Kyoto ဘူတာမှနေ၍ှ့ Shinkansen ကျည်ဆံရထားဖြင့် ထွက်ခွာကြရာ မွန်းလွဲပိုင်းတွင် Tokyo မြို့သို့ ရောက်ရှိခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...