Social Icons

Pages

Friday, August 11, 2017

နိုင်ငံကျော်တေးသံရှင် ခိုင်ထူး၏ ရုပ်အလောင်းအား ယနေ့သဂြုင်္ိဟ်မည်



ရန်ကုန် ၁၁-၈-၂၀၁၇

Pancreas Cancer ရောဂါဖြင့် သြဂုတ် ၉ ရက် ညနေ ၃ နာရီ ၂၄ မိနစ်က ကွယ်လွန်သွားခဲ့သည့် နိုင်ငံကျော်တေးသံရှင် ခိုင်ထူး၏ ရုပ်အလောင်းအား သြဂုတ် ၁၁ ရက် (ယနေ့) ညနေ ၄ နာရီတွင် ရေဝေးသုသာန်၌ သဂြုင်္ိဟ်မည် ဖြစ်သည်။

အဆိုတော် ခိုင်ထူးသည် ဇူလိုင် ၃၁ ရက် ညပိုင်းက သွေးအန်ခြင်းကြောင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေခဲ့ရာမှ သြဂုတ် ၃ ရက်ညပိုင်းတွင် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ICU အထူးကြပ်မတ်ဆောင် သို့ပြောင်းရွှေ့ကုသ ခဲ့ရကြောင်း၊ ထိုမှတစ်ဆင့်ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ Samithejav ဆေးရုံသို့ သွားရောက် ကုသခဲ့ကြောင်း၊ သြဂုတ် ၈ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ကာ ပါရမီဆေးရုံကြီး၌ တက်ရောက် ဆေးကုသမှုခံယူပြီး သြဂုတ် ၉ ရက်တွင် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၁၉၈ဝ ကာလမှစတင်၍ အနုပညာလောကတွင် ဆယ်စုနှစ် လေးစုခန့် နေရာအခိုင်အမာ ရရှိထားသည့် အဆိုတော်ခိုင်ထူး၏ ရွှေလည်တိုင်၊ ခတ္တာ၊ မိုးရဲရင်ဆောင်းရဲရမယ်၊ နောက်ဆုံးအိပ်မက်၊ ရွှေလသာမှ၊ ဆိုင်သူကိုယ်စီနဲ့မို့၊ တို့လာတယ်၊ သိလား စသည့်သီချင်းများမှာ ပရိသတ်များအကြား အလွန်ရေပန်းစား ခဲ့သည်။

ကွယ်လွန်ချိန်တွင် အသက် ၆၁ နှစ်ရှိပြီဖြစ်သည့် တေးသံရှင် ခိုင်ထူးသည် တစ်ကိုယ်တော် အခွေခုနစ်ခွေ ဖြန့်ချိခဲ့ပြီး ၎င်းသေဆုံး ပြီးချိန်အထိ ပရိသတ်များက နှမြောတသမှုများကို လူမှုကွန်ရက် စာမျက်နှာများတွင် ရေးသား ကြသည့်နည်းတူ ၎င်းသီဆိုခဲ့သည့် သီချင်းများကိုလည်း လူမှုကွန်ရက် စာမျက်နှာတွင် ဖြန့်ဝေလျက် ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...